SJ WorldNews - шаблон joomla Авто

မြန်မာ နေရှင်နယ်လိဂ်နှင့် ဂျပန်နိုင်ငံ အခြေစိုက် Sports X ကုမ္ပဏီတို့ MNL Youth Football School များ ဖွင့်လှစ် နိုင်ရေး စာချုပ်ချုပ်ဆို

Thursday, 11 April 2019 12:15 font size decrease font size decrease font size increase font size increase font size

MNL Youth Football School များ ဖွင့်လှစ်နိုင်ရေးအတွက် Myanmar-Japan Football Development Company တည်ထောင်ရန် မြန်မာနေရှင်နယ်လိဂ်နှင့် ဂျပန်နိုင်ငံအခြေစိုက် Sports X ကုမ္ပဏီ တို့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး ပွဲကို မတ် ၈ ရက်တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ် စတုတ္ထထပ်ရှိ  ယူရီကာ ခန်းမ၌ ကျင်းပသည်။

အဆိုပါလက်မှတ်ရေးထိုးပွဲသို့  မြန်မာ နေရှင်နယ်လိဂ်  ဒုတိယဥက္ကဋ္ဌ  ဒေါက်တာ စိုင်းဆမ်ထွန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမိုးဆန်းအောင်နှင့် ဧရာဝတီယူနိုက်တက် အသင်း ပိုင်ရှင်  ဦးမင်းလှိုင်၊  Sports X ကုမ္ပဏီဥက္ကဋ္ဌ  မစ္စတာကိုယာမ၊  မြန်မာ နေရှင်နယ်လိဂ်စီအီးအို   ဦးစိုးမိုးကျော်၊ မြန်မာ နေရှင်နယ်လိဂ် စီအိုအို ဦးဆူးအောင်၊ှစသမအျ ဌ ကုမ္ပဏီမှတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ  တာဝန်ရှိ သူများ နှင့်  မြန်မာ နေရှင်နယ်လိဂ်မှ  တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်  မြန်မာနေရှင်နယ်လိဂ်  ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက   အဖွင့် အမှာ စကားပြောကြားပြီး  Sports X ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာကိုယာမက မြန်မာနေရှင်နယ် လိဂ်နှင့် ပူးပေါင်းရသည့် အကြောင်းရင်းများနှင့် ရည်မှန်းချက်များကို ရှင်းလင်းပြောသည်။

ထို့နောက် မြန်မာ နေရှင်နယ်လိဂ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် မြန်မာ နေရှင်နယ်လိဂ် အမှုဆောင်အရာရှိ ချုပ် ဦးစိုး မိုးကျော်၊ Sports X ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ ကိုယာမနှင့် Executive Officer မစ္စတာ ဂျွန်အိချိ တာကာ ဟရှိ တို့က    နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးကြသည်။

ယင်းနောက် နှစ်ဖက်လက်ဆောင် ပစ္စည်းများ အပြန်အလှန် လဲလှယ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကာ  လက်မှတ် ရေးထိုးပွဲသို့ တက်ရောက်လာကြသည့် မီဒီယာများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေး ကြသည်။

မြန်မာနေရှင်နယ်လိဂ်နှင့်  ဂျပန်နိုင်ငံ အခြေစိုက်  Sports X ကုမ္ပဏီတို့သည် မြန်မာ့ဘောလုံးလောက တိုးတက်ရေး အတွက် ၁ဝနှစ်တာ ပူးပေါင်းလုပ်ဆောင် မည်ဖြစ်ပြီး Myanmar-Japan Football Development Company ကို တည်ထောင် ကာ အဆိုပါကုမ္ပဏီမှ မြန်မာနိုင်ငံ တစ်ဝန်း MNL Youth Football School အမည်ရှိ ဘောလုံး သင်တန်းကျောင်းများ ဖွင့်လှစ်မည် ဖြစ်သည်။

ကုမ္ပဏီ တည်ထောင်ရန်   မှတ်ပုံတင်ပြီး ပါက  MNL Youth Football School ကို မေလဆန်းပိုင်းတွင် ရန်ကုန်မြို့ ၌ စတင် ဖွင့်လှစ်မည်ဖြစ်ပြီး တခြား မြို့ကြီးများ၌လည်း  တစ်ဆင့်ချင်း တိုးချဲ့ဖွင့်လှစ်မည် ဖြစ်သည်။

အဆိုပါသင်တန်း ကျောင်းများ၌  ဂျပန်နည်းပြများက အခြေခံ ဘောလုံးပညာ၊ ပေါင်း သင်းဆက်ဆံရေး၊  လူမှုရေး  စသည့် ပညာ ရပ်များကို   သင်ကြားပြသပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာ နည်းပြများကို ခန့်အပ် ရန်လည်း စီစဉ် ထားကြောင်း၊ MNL Youth Football School များသည် ရေတိုသင်တန်း မဟုတ်ဘဲ   ကာလရှည်တက်ရောက်ရသည့် သင်တန်းများ ဖြစ်ပြီး  ကျောင်းချိန်ပြင်ပတွင်  တက်ရောက်ရမည့် အဆိုပါ သင်တန်းများကို တစ်လလျှင်  သင်တန်းကြေး  အမေရိကန် ဒေါ်လာ  ၁ဝ ဒေါ်လာ  (မြန်မာကျပ်ငွေ ၁၅ဝဝဝ ခန့်)  ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အခြေစိုက် Sports X ကုမ္ပဏီ သည် ဂျပန်၊ စင်ကာပူနှင့် ဗီယက်နမ် နိုင်ငံတို့ ၌  School   Partner ကုမ္ပဏီနှင့် ပူးပေါင်း၍ ဘောလုံး သင်တန်းကျောင်းများ ဖွင့်လှစ်ထားပြီး အဆိုပါ သင်တန်းကျောင်းများ၌ ကလေးငယ် ၁၃ဝဝဝ ခန့် တက် ရောက်သင်ကြား လျက်ရှိသည်။                       

TZW

Read 69 times Last modified on Thursday, 11 April 2019 12:17