SJ WorldNews - шаблон joomla Авто

ပထမဆုံးပွဲ ၅ဝ အတွင်း အာဆင်နယ် နည်းပြများထဲတွင် အမ်မရီ နိုင်ပွဲ အများဆုံးရ

Saturday, 20 April 2019 10:10 font size decrease font size decrease font size increase font size increase font size

အာဆင်နယ်အသင်း နာပိုလီကို ၁ ဂိုး-ဂိုး မရှိဖြင့် အနိုင်ရသည့်ပွဲစဉ်မှာ အာဆင်နယ် အသင်းကို နည်းပြအဖြစ် အူနိုင်းအမ်မရီ ကိုင်တွယ်သည့် ပွဲ ၅ဝ မြောက်ဖြစ်ပြီး ထိုပွဲ ၅ဝ တွင် အာဆင်နယ်သည် ၃၂ ပွဲနိုင်ပွဲ ရခဲ့သည့် အတွက် အူနိုင်းအမ်မရီသည် အာဆင်နယ် နည်းပြ အဆက်ဆက်တွင် ပထမဆုံးပွဲ ၅ဝ ၌ နိုင်ပွဲအများဆုံး ရရှိသည့်နည်းပြအဖြစ် မှတ်တမ်း ဝင်နိုင်ခဲ့သည်။

အာဆင်နယ်အသင်းကို ပြင်သစ်နိုင်ငံသား နည်းပြ  အာစင်ဝင်းဂါးက နှစ်ပေါင်းများစွာ နည်းပြခဲ့ပြီး  ပြီးခဲ့သည့် ရာသီကုန်တွင် ရာထူးမှ ထုတ်ပယ်ခံရပြီးနောက်   အူနိုင်းအမ်မရီကို နည်းပြသစ်အဖြစ်  အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ် သည်။

ယခင်က အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်သည့် ပွဲ ၅ဝ  တွင် နိုင်ပွဲအများဆုံး ရရှိစေ သည့် နည်းပြအဖြစ်  ဂျော့ခ်ျအယ်လီဆန်က ၂၈ ပွဲနိုင်ဖြင့် ရပ်တည်ခဲ့ပြီး ၎င်းနောက်တွင် ဂျော့ခ်ျဂရေဟမ်က  ၂၇  ပွဲနှင့် ရပ်တည်ကာ ၁၉၉၆ ခုနှစ် အောက်တိုဘာလတွင် အာဆင်နယ် နည်းပြဖြစ်လာသော အာစင်ဝင်းဂါး၏ ပွဲဦး ထွက်  ပွဲ ၅ဝ  တွင် နိုင်ပွဲ ၂၃ ပွဲသာ  ရခဲ့သည်။

နာပိုလီကို အနိုင်ယူကျော်ဖြတ်နိုင်ပြီးနောက် အူနိုင်းအမ်မရီက ''ဒီညမှာ သူရဲကောင်းတွေ ကတော့   ကျွန်တော့် ကစားသမားတွေပဲဖြစ်ပါတယ်။  ကစားသမားတွေနဲ့   ပရိသတ်တွေ အတွက်  ဂုဏ်ယူမိပါတယ်။  ကျွန်တော်တို့ အီတလီကို လာပြီး   နိုင်ပွဲရဖို့ မျှော်လင့်ခဲ့တဲ့အတိုင်း နိုင်ပွဲရခဲ့တယ်။ ကျွန်တော်တို့အသင်းက ထိပ်တန်းအသင်းကြီးတွေကို အနိုင်ယူနိုင်စွမ်း ရှိတယ် ဆိုတာ  ပြသလိုက်နိုင်တာပဲ။  အကောင်းဆုံး စွမ်းဆောင်ရည်ဟုတ်၊ မဟုတ် မပြောနိုင်ပေမယ့် ခြေစွမ်းပိုင်းတော်တော် ကောင်းခဲ့တယ်''  ဟု ပြောသည်။ 

Read 57 times Last modified on Saturday, 20 April 2019 10:11