SJ WorldNews - шаблон joomla Авто

မြန်မာကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာ့အဆင့်(၁၃၂)တွင် ရပ်တည်

Saturday, 20 April 2019 12:14 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ ဧပြီ ၁၆ ရက်က ထုတ်ပြန်သော  အမျိုးသမီးတစ်ဦးချင်း    ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာကြက်တောင်မယ် သက်ထားသူဇာသည် အဆင့်(၁၃၂)၌ ရပ်တည်နေကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က  သက်ထားသူဇာ အနေဖြင့် ကမ္ဘာ့အဆင့်(၁၄၃)တွင် ရှိနေခဲ့သောကြောင့် ယခုအခါ အဆင့် ၁၁ ဆင့် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။  

သက်ထားသူဇာသည် ဧပြီ ၂၃ ရက်တွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် ၂ဝ၁၉ အာရှ ကြက်တောင် ချန်ပီယံရှစ်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်း ပွဲစဉ်တွင်လည်း    ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို အာရှမှ ကမ္ဘာကျော်ကစား သမားအများစု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သက်ထားသူဇာမှာ ဆီဒင်အဆင့် သတ်မှတ်ချက်အရ လက်ရည်စစ်ပွဲမှ စတင်ကစား ရမည်ဖြစ်သည်။   အဆိုပါ လက်ရည်စစ်ပွဲ အုပ်စု(ခ)တွင်    ကမ္ဘာ့အဆင့်(၁၃၂)ရှိ သက်ထားသူဇာသည်   အဆင့်(၂ဝ၈)ရှိ သီရိလင်္ကာ ကစားသမား၊ အဆင့်(၆၉၆)ရှိ ဥဇဘက်ကစ္စတန် ကစားသမားတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

သက်ထားသူဇာ အနေဖြင့် အုပ်စု(ခ)၏ အုပ်စုဗိုလ် ဖြစ်ခဲ့ပါက (၃၂)ဦး အဆင့်တွင် ကမ္ဘာ့အဆင့် (၄)ရှိ ဂျပန်ကစားသမားနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း    သိရသည်။

Read 28 times Last modified on Saturday, 20 April 2019 12:15