SJ WorldNews - шаблон joomla Авто

ဟောင်ကောင်ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာ ယူ-၁၈ အသင်း အနိုင်ရ

Saturday, 20 April 2019 12:18 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲ ပထမနေ့ကို ဧပြီ ၁၉ ရက်နံနက်ပိုင်းက ဟောင်ကောင်၌ စတင်ကျင်းပရာ မြန်မာ ယူ-၁၈  အသင်းက  အိမ်ရှင်ဟောင်ကောင် အသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာ ယူ-၁၈ အသင်းသည် အိမ်ရှင် ဟောင်ကောင် အသင်းနှင့်   စတင် ကစားရသော်လည်း ခြေစွမ်းပြကာ နှစ်ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာ  ယူ-၁၈  အသင်း အတွက် အနိုင်ဂိုးများကို မိနစ် ၄ဝ တွင် ဇော်ဝင်းသိန်းနှင့် ၄၅ မိနစ်တွင် စောကျော် အဲတို့က သွင်းယူခဲ့သည်။ ယူ-၁၈ ပြိုင်ပွဲ၏ တခြားပွဲတွင် ဗီယက်နမ်အသင်းက စင်ကာပူ အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယူ-၁၈ ပြိုင်ပွဲတွင် အသင်းလေးသင်း  ယှဉ်ပြိုင်နေပြီး အုပ်စုဒုတိယနေ့ ပွဲစဉ်များကို ဧပြီ ၂ဝ ရက် နံနက်ပိုင်းတွင် မြန်မာနှင့် ဗီယက် နမ်၊ ဟောင်ကောင်နှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ယူ-၁၅ ပြိုင်ပွဲအုပ်စု ပထမနေ့ကို မြန်မာစံတော်ချိန်  မွန်းလွဲပိုင်းက ကျင်းပရာ  မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့်  ပွဲကို ရွှေ့ဆိုင်းခဲ့ရသည်။ ပွဲရပ်နားချိန်တွင် မြန်မာ အသင်းက ဟောင်ကောင်အသင်းကို ၃ ဂိုး-ဂိုး မရှိ၊ မလေးရှား အသင်းက စင်ကာပူအသင်း ကို ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရနေသည်။ရွှေ့ဆိုင်းထားသည့် လက်ကျန်မိနစ်များကို ဧပြီ ၂ဝ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 

Read 46 times Last modified on Saturday, 20 April 2019 12:19