မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲကို ဇွန် ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါပြိုင်ပွဲကို တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားများမှာ အတိုက်ပြိုင်ပွဲ (အမျိုးသား)တွင် ၄၅ ဒသမ ၅ဝ ကီလို၊ ၅ဝ ဒသမ ၅၅ ကီလို၊ ၅၅ ဒသမ ၆ဝ ကီလို၊ ၆ဝ ဒသမ ၆၅ ကီလို၊ ၆၅ ဒသမ ၇ဝ ကီလို၊ အတိုက်ပြိုင်ပွဲ(အမျိုးသမီး)တွင် ၅ဝ ဒသမ ၅၅ ကီလို၊ ၅၅ ဒသမ ၆ဝ ကီလို၊ တစ်ဦးချင်းအပြပြိုင်ပွဲ (အမျိုးသား)တွင် တစ်ကိုယ်တော်လက်သိုင်း( ဝူမောင်ဝေ)၊ တစ်ကိုယ်တော်လက်သိုင်း (လောင်းအောင်ဝေ့)နှင့် တစ်ကိုယ်တော် ဓားတစ်လက် (တန်ဝါလုံငင်ဂိ)၊ တစ်ဦးချင်းအပြပြိုင်ပွဲ (အမျိုးသမီး)တွင် တစ်ကိုယ်တော်လက်သိုင်း (ဝူမောင်ဝေ)၊ တစ်ကိုယ်တော်လက်သိုင်း (လောင်းအောင်ဝေ့)နှင့် တစ်ကိုယ်တော် ဓားတစ်လက်(တန်ဝါလုံငင်ဂိ)၊ အသင်းလိုက် အပြပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးနှစ်ယောက် တွဲ(သိုဗန်ညို)၊ အမျိုးသမီး နှစ်ယောက်တွဲ (ဆောင်းလွေပတ်)နှင့် အမျိုးသားနှစ်ယောက်တွဲ(ဆောင်လွေမာတောင်)တို့ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားဦးရေမှာ တစ်သင်းလျှင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ရှစ်ဦး၊ အုပ်ချုပ်သူ အမျိုးသား၊ အမျိုးသမီး နှစ်ဦး၊ နည်းပြ အမျိုးသား၊ အမျိုးသမီး နှစ်ဦးနှင့် ဒိုင်လူကြီး တစ်ဦး စုစုပေါင်း ၂၄ ဦးဖြစ်သည်။
ပြိုင်ပွဲအမျိုးအစားများမှာ ပြိုင်ပွဲအတွက် ကနဦး အဆိုပြုလျာထား တင်ပြချက်များဖြစ်ပြီး အသင်းများ ကြိုတင်သိရှိနိုင်ရန် ထုတ်ပြန်ခြင်းဖြစ်ကာ မကြာမီ ပြိုင်ပွဲကျင်းပမည့် နေရာနှင့် စည်းမျဉ်းစည်းကမ်းများကို ပေးပို့မည် ဖြစ်ကြောင်း သိရသည်။