Print this page

WLC-8 ရိုးရာလက်ဝှေ့ပွဲတွင် ပါဝင်မည့် တွဲဆိုင်းများ ထွက်ပေါ်

Saturday, 20 April 2019 12:33 font size decrease font size decrease font size increase font size increase font size

World Lethwei Championship ၏ (၈) ကြိမ်မြောက် မြန်မာ့ ရိုးရာလက်ဝှေ့ ပွဲစဉ်များကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ချစ်သူမြိုင် ပန်းခြံ၌ မေ ၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပါဝင်မည့်တွဲဆိုင်းများကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

WLC-8: KAREN SPIRIT  ဟု  အမည်ပေးထားသော    အဆိုပါရိုးရာ လက်ဝှေ့ပွဲကြီးတွင်  ပါဝင်မည့်တွဲဆိုင်းများမှာ Main Event (ခေါင်ပွဲ)အဖြစ် ၆၃ ဒသမ ၅ - ၆၇ ကီလို (ဝယ်လ် တာဝိတ်) စိုးလင်းဦး (ဒို့ရိုးရာ)နှင့် ဘရုလစ်ခ် (ဂျာမနီ) ၊ Co-Main Event (ဒု-ခေါင်ပွဲ) အဖြစ် ၅၄ - ၅၇ ကီလို(ဖယ်သာဝိတ်) မိုက်ရိုင်း(ရွှေဖူး)နှင့်  ရှာမာဇာဒီအာမေးလ်  (အဇာဘိုင်ဂျန်)၊  ၆၇ - ၇၁  ကီလို (လိုက်မစ်ဒယ်ဝိတ်) သွေးသစ်အောင်  (သုံးပန်လှ) နှင့် ဒေးဗစ်မက္ကာသီ (အိုင်ယာလန်)၊ ၆ဝ - ၆၃ ဒသမ ၅ ကီလို (လိုက်ဝယ်လ်တာဝိတ်) အောင်အောင်ထူး (သုံးပန်လှ)နှင့် စောမင်းမင်း (ရွှေသထုံ)၊ ၄၅ - ၄၈ ကီလို (လိုက်ဖလိုင်းဝိတ်) အဲအဲ (Team PT)နှင့် ဟွိုင်းဟာဟူးဟျူး (ဗီယက်နမ်)၊ ၆၃ ဒသမ ၅ - ၆၇ ကီလို (ဝယ်လ်တာဝိတ်) အောင်ဟိန်း (သုံးပန်လှ)နှင့် သွေးသစ်မောင် (အဖြူရောင်သွေးသစ်)၊ ၅၇ - ၆ဝ ကီလို (လိုက်ဝိတ်)သန်းဇော်(ရန် စစ်ငြိမ်း)နှင့် ဟိန်းထွန်းအောင် (ရွှေသထုံ)၊ ၆၃ ဒသမ ၅ - ၆၇ ကီလို(ဝယ်လ်တာဝိတ်) မင်းထက်ကျော် (တိုက်ဂါး)နှင့် ဘဟိန်း (မြိုင်ကလေး ဘိလပ်မြေစက်ရုံ)တို့ဖြစ်သည်။

အဆိုပါ ပွဲစဉ်များကို CANAL+ နှင့်  UFC Fight Pass တို့မှ မေ ၅ ရက် ည ၆ နာရီခွဲတွင်  တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။  

Read 73 times Last modified on Saturday, 20 April 2019 12:34