SJ WorldNews - шаблон joomla Авто

စစ်ကိုင်းယူနိုက်တက် အသင်းနည်းပြချုပ် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် စဉ်းစားနေ

Wednesday, 15 May 2019 09:20 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းယူနိုက်တက် အသင်းအတွက် ရလဒ်ကောင်းများ ရယူပေးနေသော နည်းပြချုပ် ဦးဇော်လင်းထွန်းနှင့် အသင်း၏ စာချုပ်သက်တမ်းမှာ မေလကုန်တွင် ကုန်ဆုံးမည် ဖြစ်၍ အနာဂတ်အတွက် စာချုပ်သစ် ချုပ်ဆိုရန် စဉ်းစားနေကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။

ဦးဇော်လင်းထွန်းသည် လက်ရှိတွင် ၎င်း၏စွမ်းဆောင်ရည်ကြောင့် မြန်မာ့လက်ရွေးစင် အသင်းကြီး၌ နည်းပြ အဖွဲ့ဝင်အဖြစ် ခန့်အပ်ရန်အတွက် စိတ်ဝင်စားခြင်းခံ နေရသူဖြစ်ပြီး တရားဝင်ခန့် အပ်ရန် သတင်းများ ထွက်ပေါ်နေသူ ဖြစ်သည်။

''ပထမအကျော့ပြီးပြီ ဆိုတော့ စစ်ကိုင်းနဲ့ရှိတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးပါပြီ။ အသင်းမှာဆက်ရှိသင့်၊ မရှိသင့်ကို စဉ်းစားနေပါတယ်။ အသင်းရဲ့ဥက္ကဋ္ဌကိုတော့ လေးစားသလို သံယောဇဉ်လည်းရှိပါတယ်။ ဒါကြောင့်လည်း ဆက်ရှိဖို့ကို စဉ်းစားနေတာပါ။ စာချုပ်က မေလကုန်အထိ ရှိနေပါသေးတယ်။ ဒါကြောင့် ရှုံးထွက်ပွဲစဉ်ကို ကိုင်တွယ်သွားမှာပါ''ဟု ဦးဇော်လင်းထွန်းက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဦးဇော်လင်းထွန်းသည် စစ်ကိုင်းယူနိုက်တက်အသင်း စတင်တည်ထောင်သော ၂ဝ၁၆ ခုနှစ်ကတည်းက နည်းပြချုပ် အဖြစ် စတင်ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး တန်းတက်နိုင်ရန် ကြိုးပမ်းရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ ဖြစ်သည်။

ထို့ပြင် စစ်ကိုင်းယူနိုက်တက် အသင်းကို ၂ဝ၁၉ ခုနှစ်ရာသီဝက်တွင် အဆင့်(၅) နေရာ၌ ရပ်တည်နိုင်ရန် စွမ်းဆောင်နိုင်ခဲ့ပြီး ရာသီဝက် ပြီးဆုံးချိန်တွင် မြန်မာနေရှင်နယ်လိဂ် အသင်းများ၌ သွင်းဂိုးအများဆုံး ရရှိထားသော အသင်းလည်း ဖြစ်သည်။

စစ်ကိုင်းယူနိုက်တက် အသင်းသည် အဆင့်(၅)နေရာ၌ ရပ်တည်နေသော်လည်း ရမှတ်မှာ အဆင့်(၁)နေရာမှ ရှမ်းယူနိုက်တက် အသင်းနှင့် နှစ်မှတ်သာ ကွာဟလျက်ရှိသည်။ TZW

Read 24 times Last modified on Wednesday, 15 May 2019 09:21