Print this page

မြန်မာနေရှင်နယ်လိဂ်ဂိုးသွင်း အများဆုံး စာရင်းတွင် တိုက်စစ်မှူး ဝင်းနိုင်စိုးနှင့် မယ်ကွန်တို့ ပူးတွဲရပ်တည်နေ

Wednesday, 15 May 2019 09:21 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉ ရာသီ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ပွဲစဉ်အားလုံးအပြီး ဂိုးသွင်း အများဆုံး စာရင်းတွင် ရတနာပုံအသင်း တိုက်စစ်မှူး ဝင်းနိုင်စိုးနှင့် ရှမ်းယူနိုက်တက်အသင်း တိုက်စစ်မှူး မယ်ကွန်တို့က သွင်းဂိုး ကိုးဂိုးစီဖြင့် ဂိုးသွင်းအများဆုံး စာရင်းထိပ်ဆုံး၌ ပူးတွဲရပ်တည်နေကြောင်း သိရသည်။

ယခုတစ်ပတ် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၁) တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ရတနာပုံအသင်းတိုက်စစ်မှူး ဝင်းနိုင်စိုး ဂိုးသွင်းနိုင်ခြင်း မရှိသော်လည်း ရှမ်းယူနိုက်တက်အသင်း တိုက်စစ်မှူး မယ်ကွန်က တစ်ဂိုးသွင်းယူ နိုင်သောကြောင့် ဝင်းနိုင်စိုးနှင့် မယ်ကွန်တို့သည် ဂိုးသွင်းအများဆုံး စာရင်း၌ သွင်းဂိုးကိုးဂိုးစီဖြင့် ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဂိုးသွင်းအများဆုံးစာရင်း ဒုတိယနေရာ၌ ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ဆယ်လာနှင့် စစ်ကိုင်းယူနိုက်တက် အသင်း တိုက်စစ်မှူး ဖရိုင်းဒေးတို့က သွင်းဂိုး ရှစ်ဂိုးစီဖြင့် ပူးတွဲရပ်တည်နေပြီး စစ်ကိုင်းယူနိုက်တက်အသင်း တိုက်စစ်မှူး ဘီဆာက သွင်းဂိုး ခုနစ်ဂိုးဖြင့် တတိယနေရာ၌ ရပ်တည်နေသည်။

မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ပွဲစဉ်အားလုံးအပြီးတွင် ရှမ်းယူနိုက်တက် အသင်းနှင့် ဟံသာဝတီ ယူနိုက်တက်အသင်းက ရမှတ် ၂၁ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက် အသာရသည့် ရှမ်းယူနိုက်တက် အသင်းက အဆင့်(၁)၊ ဟံသာဝတီယူနိုက်တက် အသင်းက အဆင့်(၂)နေရာ၌ ရပ်တည်နေသည်။

TZW

Read 45 times Last modified on Wednesday, 15 May 2019 09:23