SJ WorldNews - шаблон joomla Авто

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ရာထူးအတွက် ပြည်ပနိုင်ငံသား ခုနစ်ဦး ကမ်းလှမ်းထား

Thursday, 16 May 2019 11:00 font size decrease font size decrease font size increase font size increase font size

လစ်လပ်လျက်ရှိသည့်  ရန်ကုန်ယူနိုက်တက် အသင်း၏ နည်းပြချုပ် နေရာအတွက် ပြည်ပနည်းပြ  ခုနစ်ဦးထံမှ  ကမ်းလှမ်းမှု ရရှိထားကြောင်း ရန်ကုန်ယူနိုက်တက်အသင်း မန်နေဂျာ ဦးမြင့်သိန်း ကပြောသည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် ပထမ အကျော့အပြီးတွင် အသင်းမှ နုတ်ထွက်သွားခဲ့သည့်  နည်းပြချုပ် ဦးမျိုးမင်းထွန်း၏ နေရာတွင် A လိုင်စင်ရ မြန်မာ့လက်ရွေးစင်ကစား သမားဟောင်း ဦးတင်မောင်ထွန်းကို ယာယီ နည်းပြချုပ်အဖြစ် ခန့်အပ်တာဝန်ပေးထား သည်။

''လက်ရှိမှာ နည်းပြချုပ်ရာထူးကို စိတ်ဝင်စားလို့ လာပြီးကမ်းလှမ်းတဲ့ ပြည်ပနည်းပြ ခုနစ်ဦးလောက် ရှိပါတယ်။အသင်းနဲ့ သင့်လျော်မယ့်  နည်းပြတစ်ဦးကို  စိစစ် ရွေးချယ်ပြီး  ခန့်အပ်မှာပါ။  နည်းပြချုပ် ရာထူးက ပြည်ပ ကဖြစ်နိုင်သလို ပြည်တွင်း နည်းပြထဲကလည်း  ဖြစ်နိုင်ပါတယ်''  ဟု ဦးမြင့်သိန်း ကပြောသည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် မြန်မာ နေရှင်နယ်လိဂ်   ဒုတိယ အကျော့အတွက် ပြင်ဆင်မှုများ ထပ်မံပြုလုပ်မည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် ပထမ အကျော့ ပွဲစဉ်များအပြီး ရမှတ် ၂ဝ  ဖြင့် အဆင့် (၃) နေရာတွင် ရပ်တည်လျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ ပွဲစဉ်များကို ဇွန် ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး   ရန်ကုန်ယူနိုက်တက် အသင်းသည် ရခိုင်ယူနိုက်တက် အသင်းနှင့်   အိမ်ကွင်း၌ ယှဉ်ပြိုင် ရမည်ဖြစ်သည်။

Read 16 times Last modified on Thursday, 16 May 2019 11:01