SJ WorldNews - шаблон joomla Авто

ရှုံးထွက်ပြိုင်ပွဲက ဟံသာဝတီ ယူနိုက်တက်အသင်း အတွက် ရလဒ်ကောင်းကြောင်း နည်းစနစ် ဒါရိုက်တာ ဆီဗာဂျီပြော

Thursday, 16 May 2019 11:04 font size decrease font size decrease font size increase font size increase font size

ဟံသာဝတီယူနိုက်တက်အသင်း နည်းစနစ်ဒါရိုက်တာ  ဆီဗာဂျီက  ယခုရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောသည်။

ဆီဗာဂျီသည်   ဟံသာဝတီ ယူနိုက်တက်အသင်းတွင်  ယခင်က  နည်းပြချုပ်အဖြစ် ဆောင်ရွက်ပြီး နည်းစနစ်ဒါရိုက်တာအဖြစ် သုံးရာသီ ဆက်တိုက် ဆောင်ရွက်နေခြင်း ဖြစ် သည်။

''ရှုံးထွက်ပြိုင်ပွဲမှာ ကျွန်တော်တို့အသင်း ရလဒ်ကောင်းတတ်ပါတယ်။   ဒီရာသီမှာလည်း  အောင်မြင်မှုရဖို့  မျှော်မှန်းထားပါတယ်။ ဒါကြောင့် အကောင်းဆုံး ပြင်ဆင်နေပါတယ်။ အမှတ်ပေးပြိုင်ပွဲက ပထမအကျော့ အပြီး ရပ်နားထားတာကြောင့် ရှုံးထွက်ပြိုင်ပွဲ အတွက် အဓိကပြင်ဆင်ရမှာပါ။ ကျွန်တော် တို့နဲ့တွေ့ဆုံနေတဲ့ ရှမ်းယူနိုက်တက်အသင်းကလည်း အမှတ်ပေးပြိုင်ပွဲမှာ ဦးဆောင်နေတဲ့  အသင်းဖြစ်တာကြောင့်  ခက်ခဲမှာပါ။ အောင်မြင်မှုရဖို့ မျှော်မှန်းထားတာကြောင့် ရှမ်းယူနိုက်တက်အသင်းကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားမှာပါ''ဟု ဆီဗာဂျီက ပြောသည်။

ဆီဗာဂျီသည် ၂ဝ၁ဝ ရှုံးထွက်ပြိုင်ပွဲတွင် ဟံသာဝတီ ယူနိုက်တက်အသင်းကို ချန်ပီယံ ဆုရစေရန် စွမ်းဆောင်ပေးခဲ့သည့် နည်းပြတစ်ဦး ဖြစ်ကြောင်း သိရသည်။

Read 33 times Last modified on Thursday, 16 May 2019 11:05