SJ WorldNews - шаблон joomla Авто

မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ ရာသီဝက် အပြောင်းအရွှေ့ ကာလသတ်မှတ်

Thursday, 16 May 2019 11:07 font size decrease font size decrease font size increase font size increase font size

မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ ရာသီဝက်ပြိုင်ပွဲအတွက် ကစားသမား အပြောင်းအရွှေ့ ကာလကို မေ ၁၃ ရက်မှ ဇွန်  ၁၂ ရက်အထိ တရားဝင် သတ်မှတ်ထားကြောင်း လိဂ်ကော်မတီက သတင်းထုတ်ပြန်သည်။ ထို့ကြောင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းများ အနေဖြင့် သတ်မှတ်ထားသည့် ကာလအတွင်း   ကစားသမား အပြောင်း အရွှေ့များ ဆောင်ရွက်ခြင်း၊ စာချုပ်သက်တမ်း တိုးခြင်း စသည့် အပြောင်းအရွှေ့ဆိုင်ရာများ ပြုလုပ်နိုင် မည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသော  မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ပွဲစဉ်များကို ဇန်နဝါရီ ၁၂ ရက်မှ မေ ၁၂ ရက်အထိ ကျင်းပခဲ့ပြီးဖြစ် သည်။ ထို့အတူ ဒုတိယအကျော့ ပွဲစဉ်များကို ဇွန် ၁၅ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ပထမအကျော့အပြီးတွင်    ပြိုင်ပွဲဝင် အသင်းများကြား   အကြိတ်အနယ် ရှိခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှ ရှမ်းယူနိုက်တက် အသင်းနှင့် အဆင့်  (၇) နေရာမှ ရခိုင်ယူနိုက် တက်အသင်းတို့ ရမှတ်ကွာဟမှု ငါးမှတ်သာ ရှိထား သည်။  ၂ဝ၁၉  မြန်မာနေရှင်နယ်လိဂ်  ပထမအကျော့ အပြီးတွင် ရှမ်းယူနိုက်တက် အသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းက ရမှတ် ၂၁ မှတ်စီ၊ လက်ရှိ ချန်ပီယံရန်ကုန် ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းက ရမှတ် ၂ဝ စီရရှိထားသည်။ ရှစ်မှတ်ရရှိထားသည့် ချင်းလန်းနှင့် ခြောက်မှတ်ရထားသည့် ဒဂုံအသင်းတို့ တန်းဆင်းဇုန်အတွင်း ကျရောက်နေသည်။ 

Read 46 times Last modified on Thursday, 16 May 2019 11:07