SJ WorldNews - шаблон joomla Авто

မြန်မာ ယူ-၁၈ အသင်းကို ပဏာမ ကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်း

Thursday, 16 May 2019 11:51 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉ အာဆီယံ  ယူ-၁၈  ချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၈ အသင်းကို ပဏာမကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းလိုက် ကြောင်း နည်းပြချုပ် ဦးစိုးမြတ်မင်း ကပြောသည်။

ဟောင်ကောင် ဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံ ဆုရခဲ့သည့် ကစားသမားများကို အခြေခံကာ ကစားသမားသစ်လေးဦး၊ ဒဏ်ရာမှပြန် ကောင်းလာသည့်  ကစားသမားနှစ်ဦးကို ပြန်လည်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်း သည် မေ ၁၆ ရက်မှစ၍ လေ့ကျင့်မှုပြုလုပ်မည်ဖြစ်ပြီး  ဒဏ်ရာမှ ပြန်ကောင်းလာသည့် တိုက်စစ်မှူးပြည့်စုံနိုင် လည်း လေ့ကျင့်မှုပြုလုပ်မည်ဖြစ်သည်။

ပြည့်စုံနိုင်သည် မြန်မာ ယူ-၂၁ အသင်း နှင့်အတူ ပြီးခဲ့သည့်နှစ်က ဖိတ်ခေါ်ပြိုင်ပွဲ များယှဉ်ပြိုင်ရာ  ဒဏ်ရာပြင်းထန်စွာ ရကာ ကာလရှည်ကြာစွာ အနားယူခဲ့ရပြီး လက်ရှိ ဒဏ်ရာပြန်လည် သက်သာလာကာ အသက်မီသောကြောင့် ယူ-၁၈ အသင်းတွင် ပါဝင် ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်း သည် ၂ဝ၁၉ ရာသီ မြန်မာ ယူ-၂၁ အမှတ် ပေးပြိုင်ပွဲတွင် MFFလူငယ်အသင်းအမည်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ဇွန်လ တွင်စတင်မည့်  ဒုတိယအကျော့ပွဲများတွင် ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

မြန်မာ ယူ-၁၈ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ ကို သြဂုတ်လတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ် မည်ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ဇူလိုင်လတွင်  ပြည်ပလေ့ကျင့်ရေး ခရီးစဉ် သွားရောက်မည်ဖြစ်ပြီး ဂျပန်နိုင်ငံ၌ လေ့ကျင့်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဂျပန် ဘောလုံးအဖွဲ့ချုပ်တို့ ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာ ယူ-၁၈ အသင်းသည် အာဆီယံ ယူ-၁၈ ပြိုင်ပွဲတွင် အောင်မြင်မှုရရန် ရည်မှန်းထားပြီး    နိုဝင်ဘာလတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၂ဝ အာရှ  ယူ-၁၉  ခြေစစ်ပွဲတွင်  အာရှထိပ်သီး အသင်းများနှင့် အုပ်စုကျပ်အတွင်း ကျရောက်နေသောကြောင့်   ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။

 မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူ  ဦးရဲဝင်းအောင်၊ နည်းပြချုပ် ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ ဦးမင်းမင်းထွန်း၊ ဂိုး နည်းပြ  ဦးစိန်အေး၊  ဂိုး - နေလင်းထက်၊  ပြည့်ဖြိုးသူ၊  စောခူမူ၊ နောက်တန်း- ရဲထက်အောင်၊  စည်သူမိုးခန့်၊  ကောင်းခန့်ကျော်၊ ဉာဏ်လင်းထက်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ မျိုးကိုကိုလင်း၊ သက်ဟိန်းစိုး၊ အလယ်တန်း- ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ပြည့်ဖြိုးအောင်၊ ရန်နိုင်လင်း၊  သူရအောင်၊  ရဲမင်းကျော်၊ နောင်နောင်စိုး၊ ခွန်ကျော်ဇင် ဟိန်း၊  ရှေ့တန်း-  သြဘာခ၊  လမင်းထွေး၊ စောကျော်အဲ၊ ညီညီ၊ ပြည့်စုံနိုင်နှင့် ကောင်း ခန့်ကျော်တို့ ပါဝင်ကြောင်း သိရသည်။                          

Read 29 times Last modified on Thursday, 16 May 2019 11:52