SJ WorldNews - шаблон joomla Авто

အသက် ၁ဝ နှစ်အောက် ဘောလုံးပွဲတော် (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Thursday, 16 May 2019 12:12 font size decrease font size decrease font size increase font size increase font size

AFC Grassroots Football Day အထိမ်းအမှတ်အဖြစ် ကျင်းပသည့် MFF U-10 ၊ 5V5 Grassroots Tournament 2019 (Yangon Region)  ဘောလုံးပွဲတော် ဖွင့်ပွဲ အခမ်းအနားကို မေ ၁၅ ရက်က အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုကွင်း၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့်  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးမိုးဆန်းအောင်၊   မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနှင့်  ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် မြန်မာ့လက်ရွေးစင် မသန်စွမ်း ဘောလုံးအသင်းက CP Football ပြိုင်ပွဲ အား နှစ်သင်းခွဲ၍ သရုပ်ပြ ယှဉ်ပြိုင်ကစားခဲ့သည်။  မြန်မာ့လက်ရွေးစင်  မသန်စွမ်း ဘောလုံးအသင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဂုဏ်ပြုမှတ် တမ်းလွှာ၊ ဘောလုံးနှင့် ဂုဏ်ပြုဆုငွေ ငွေကျပ် ၁ဝ သိန်း ပေးအပ်ချီးမြှင့်သည်။

MFF U-10 ၊ 5V5  Grassroots Tournament 2019 (Yangon Region) ဘောလုံးပွဲတော်ကို မေ ၁၅ ရက်နှင့်  ၁၆ ရက်တို့တွင် ကျင်းပလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ  မြို့နယ်ပေါင်း  ၂၄ မြို့နယ်မှ အသင်း ၂၄ သင်းက အုပ်စုခြောက် စုခွဲ၍ ယှဉ်ပြိုင်ကစားခြင်း ဖြစ်သည်။ အုပ်စု ပွဲစဉ်များ အပြီးတွင် ရှုံးထွက်အဆင့်၊ ကွာတား၊ ဆီမီး၊ ဗိုလ်လုပွဲများ ကျင်းပမည်ဖြစ်သည်။

Read 51 times Last modified on Thursday, 16 May 2019 12:13