SJ WorldNews - шаблон joomla Авто

မြန်မာ- ဂျပန် ရိုးရာ လက်ဝှေ့ပြိုင်ပွဲ တွဲဆိုင်းများ ထွက်ပေါ်

Friday, 17 May 2019 12:55 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ရိုးရာလက်ဝှေ့

မြန်မာ့ရိုးရာလက်ဝှေ့ကျော်များနှင့် ဂျပန် လက်ဝှေ့သမားများ ယှဉ်ပြိုင်မည့် မြန်မာ- ဂျပန် ရိုးရာ လက်ဝှေ့ပြိုင်ပွဲ  (Lethwei in Japan 12) ကို တွဲဆိုင်း ငါးဆိုင်းဖြင့်  ကျင်းပ မည်ဖြစ်သည်။

မြန်မာနှင့်ဂျပန်  လက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပမည့် ယင်းပြိုင်ပွဲကို မေ ၁၇ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ခိုလခုအန် ခန်းမ၌ကျင်းပမည်ဖြစ်ပြီး  မြန်မာ့လက်ဝှေ့ သမားသုံးဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းတွဲဆိုင်းငါးဆိုင်းမှာ   ရဲသွေးနီနှင့် ဂျပန်နိုင်ငံသား မာကိုတို၊ မင်းမောင်မောင်နှင့် ဂျပန်နိုင်ငံသား  ကိုဟဲတိုကီရှီ၊  ဗျဂ္ဃနှင့် ဂျပန်နိုင်ငံသား  ဟီဂါရှိ၊  ကွန်ဂိုနိုင်ငံသား လိုကုကုနှင့်  အမေရိကန်နိုင်ငံသား  ဝီ(လ်) ချုပ်၊ ဂျပန်နိုင်ငံသား  ရှင်ကိုဆူဇူကီးနှင့် နယူးဇီလန်နိုင်ငံသား   တီဝိုင်ဝီလီယမ်တို့ ဖြစ်သည်။

''ပြိုင်ဘက်မာကိုတိုရဲ့    ပွဲစဉ်တွေကို လေ့လာထားတယ်။ သူက ခံနိုင်ရည်ကောင်း တယ်။  ယှဉ်ပြိုင်ပုံမာကျောတယ်။  သူ့ကို လျှော့တွက်လို့မရဘူး။ ဒီပွဲအတွက် ကျွန်တော် အပြင်းအထန်   လေ့ကျင့်ထားပါတယ်။ အရင်ထက်ပို ကောင်းအောင် ပြင်ဆင်ထား တယ်။ ပြိုင်ပွဲကို အကောင်းဆုံးဖြစ်အောင် ကြိုးစားယှဉ်ပြိုင်မှာပါ။  ဂျပန်က ပရိသတ် တွေကိုလည်း ကျွန်တော်တို့ကို လာရောက် အားပေးဖို့ ဖိတ်ခေါ်ပါတယ်'' ဟု မြန်မာ လက်ဝှေ့ကျော် ရဲသွေးနီက ပြောသည်။

 TZW

Read 42 times Last modified on Friday, 17 May 2019 13:02