SJ WorldNews - шаблон joomla Авто

လီဂူးဝမ်း တစ်နှစ်တာအကောင်းဆုံး ဆုနှင့် အကောင်းဆုံးလူငယ်ဆု နှစ်ဆု အမ်ဘပ်ပီ ရရှိ

Wednesday, 22 May 2019 10:00 font size decrease font size decrease font size increase font size increase font size

ပဲရစ်၊ ဘောလုံး

ပြင်သစ်ပရော်ဖက်ရှင်နယ်  ဘောလုံးအဖွဲ့ချုပ် (UNFP)မှ ကြီးမှူးကျင်းပသည့် ပြင်သစ်လီဂူးဝမ်း တစ်နှစ်တာအကောင်း ဆုံးဆုပေးပွဲကို မေ ၂ဝ ရက်က ကျင်းပရာ ပီအက်စ်ဂျီအသင်းမှ  ပြင်သစ်လူငယ်တိုက်စစ်မှူး  အမ်ဘပ်ပီသည်  လီဂူးဝမ်း တစ်နှစ်တာ  အကောင်းဆုံး ကစားသမားဆုနှင့် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု နှစ်ဆုစလုံးကို ဆွတ်ခူး ရရှိခဲ့သည်။

အမ်ဘပ်ပီသည် ယခုရာသီတွင် လီဂူးဝမ်း၌ သွင်းဂိုး ၃ဝ ဖြင့် ဂိုးသွင်းဘုရင်ဖြစ်လာပြီး အကောင်းဆုံး လူငယ် ကစား သမားဆု ကိုလည်း သုံးနှစ်ဆက်တိုက်ရရှိသည့် ပထမဆုံးကစားသမား ဖြစ်လာသည်။ အမ်ဘပ်ပီ၏ လီဂူးဝမ်း တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို မိုနာကိုအသင်းနှင့် ချန်ပီယံဖြစ်သည့် ၂ဝ၁၇ ခုနှစ်တွင် စတင်ရရှိပြီး ပြီးခဲ့သည့်နှစ်ကလည်း ထိုဆုကို ဆက်လက်ရရှိကာ ယခုနှစ်တွင်လည်း သုံးနှစ်ဆက်တိုက်အဖြစ် ရရှိခဲ့ခြင်းဖြစ်သည်။

တစ်နှစ်တာ  လီဂူးဝမ်းအကောင်းဆုံး ၁၁ ဦးစာရင်းတွင် အမ်ဘပ်ပီနှင့်အတူ ပီအက်စ်ဂျီ အသင်းဖော် ငါးဦးပါဝင်နေပြီး နေမာ၊ သီယာဂိုဆေးလ်ဗား၊ မာကွင်ဟို့စ်၊ ဒီမာရီယာနှင့်ဗာရတ် တီတို့ပါဝင်ခဲ့သည်။                                           

Ref:BT

Read 47 times Last modified on Wednesday, 22 May 2019 10:00