SJ WorldNews - шаблон joomla Авто

ဂျိုကိုဗစ်ခ်ျကို နာဒယ်အနိုင်ရပြီး အီတလီအိုးပင်းချန်ပီယံ ဆုရ

Wednesday, 22 May 2019 10:01 font size decrease font size decrease font size increase font size increase font size

ရောမ၊ တင်းနစ်

ရောမမြို့၌ မေ ၁၉ ရက်က ယှဉ်ပြိုင်ကစား သည့် အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသား တစ်ဦးချင်း ဗိုလ်လုပွဲတွင် စပိန်တင်း နစ်သမား ရာဖေးနာဒယ်က  လက်ရှိ  ကမ္ဘာ့အဆင့်(၁)  ဆားဘီးယားတင်းနစ်အကျော် အမော် ဂျိုကိုဗစ်ခ်ျကို အသာစီးဖြင့် ကစားနိုင်ပြီး  ၆-ဝ၊ ၄-၆၊ ၆-၁ ဖြင့် အနိုင် ရရှိသည်။

ပြီးခဲ့သည့် သြစတြေးလျအိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် နာဒယ်သည် ဂျိုကိုဗစ်ခ်ျ ကိုရှုံးခဲ့ရသည့်အတွက် ယခုပွဲ၌ ပြန်လည် လက်စားချေနိုင်ပြီး တင်းနစ်သမားဘဝ (၃၄) ကြိမ်မြောက် မာစတာအဆင့်ချန်ပီယံဆုကို ဆွတ်ခူးကာ ဂျိုကို ဗစ်ခ်ျထက် မာစတာအဆင့်  ချန်ပီယံဆုတစ်ဆု  ပိုမိုရရှိနိုင်ခဲ့သည်။ နာဒယ်သည်  လက်ရှိ ကမ္ဘာ့အဆင့် ရပ်တည်မှုတွင် ဂျိုကို ဗစ်ခ်ျပြီးနောက် အဆင့် (၂) နေရာ၌ ရပ်တည် နေသူဖြစ်သည်။                        

Ref:Dailymail

Read 44 times Last modified on Wednesday, 22 May 2019 10:02