SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဂိုးပြတ်အနိုင် ရလဒ်ကြောင့် ဗိုလ်လုပွဲ တက်ရောက်ရန် နီးစပ်သွားသည့် ရှမ်းယူနိုက်တက် အသင်း

Sunday, 26 May 2019 11:38 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မေ  ၂၅

၂ဝ၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း  ရှုံး/ထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ (ပထမနေ့)ကို ယနေ့ ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက် အသင်းက ရခိုင်အသင်းကို လေးဂိုးပြတ်ဖြင့်   အနိုင်ရခဲ့သည်။

ရှမ်းယူနိုက်တက် အသင်းသည် အိမ်ကွင်းပွဲအဖြစ် သုဝဏ္ဏကွင်းကို အသုံးပြုခဲ့သော်လည်း အမှားအယွင်းမရှိ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။   ရှမ်းယူနိုက်တက် အသင်းသည် လေးဂိုး သွင်းယူနိုင်သည့်အပြင် ပေးဂိုးပါ မရှိသောကြောင့် ဗိုလ်လုပွဲ တက်ရောက်ရန် နီးစပ်သွားခြင်း ဖြစ်သည်။ 

နှစ်သင်းစလုံး အမာခံ ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သော်လည်း ရခိုင်အသင်းတွင် အဓိကတိုက်စစ်မှူး ဆင်မြူရယ် ပွဲပယ် ခံထားရသောကြောင့်  တိုက်စစ်အားပျော့ခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းသည် ပွဲစကတည်းက  တိုက်စစ်ဖွင့် ကစားခဲ့ပြီး  ၁ဝ မိနစ်တွင် ရှမ်းယူနိုက်တက် အသင်းမှ တိုက်စစ်မှူး အီမန်နျူရယ်က ပထမဂိုး သွင်းယူခဲ့ပြီး ၁၈ မိနစ်တွင် ဇင်မင်းထွန်းက ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း ရှမ်းယူနိုက်တက် အသင်းကသာ ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ရခိုင်အသင်းမှာ မိနစ် ၆ဝ နောက်ပိုင်းမှသာ ပြန်လည် ဖိအားပေး ကစားနိုင်ခဲ့သည်။

၅၈ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း တတိယဂိုးရခဲ့ပြီး ဆွမ်လမန်၏  အဝေးကန်ချက်ဖြင့် ရယူခဲ့ခြင်းဖြစ်သည်။  ယင်းနောက်ပိုင်းတွင် ရခိုင်အသင်း ပြန်လည်ဖိအားပေး ကစားနိုင်ခဲ့ပြီး ချေပဂိုးရနိုင်သည့် အခွင့်အရေးများ ရခဲ့သော်လည်း နှစ်ကြိမ်တိုင် ဘားထိထွက်ခဲ့၍  နစ်နာခဲ့ရသည်။

ရှမ်းယူနိုက်တက်အသင်းအတွက် စတုတ္ထဂိုးကို ၇၁ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့်  ဇင်မင်းထွန်းက သွင်းယူခဲ့သည်။ ရခိုင်အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့၏ ဒုတိယအကျော့ပွဲကို ဇွန် ၁ ရက်တွင် ဝေသာလီ ကွင်း၌ ဆက်လက် ကျင်းပမည် ဖြစ်သည်။

ဆီမီးဖိုင်နယ် ပထမအကျော့ (ဒုတိယနေ့)ကို မေ ၂၆ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင် မုံရွာကွင်း၌ ဆက်လက် ကျင်းပမည် ဖြစ်သည်။

Read 59 times Last modified on Sunday, 26 May 2019 11:40