SJ WorldNews - шаблон joomla Авто

ဆီးဂိမ်း အတွက် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်က ပဏာမ ကစားသမားရွေးချယ်

Wednesday, 12 June 2019 09:31 font size decrease font size decrease font size increase font size increase font size

အကြိမ်(၃ဝ)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ပထမအကြိမ်ဂျူဒို ပဏာမ ကစားသမားရွေးချယ်ပွဲကို ဇွန် ၁ဝ ရက်က ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း၌ကျင်းပရာ ပဏာမရွေးချယ်ထားသော အမျိုးသား၊ အမျိုးသမီး ကစားသမား ၄၁  ဦးတို့၏ ပြိုင်ပွဲ ၅၁ ပွဲယှဉ်ပြိုင်မှုကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ ဂျပန်နည်းပြချုပ် Mr.Shuji Ohshima နှင့်  တာဝန်ရှိသူတို့က   ကြည့်ရှု အားပေး  ရွေးချယ်ကြသည်။ အဆိုပါလူရွေးချယ်ပွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ  ကစားသမား အများစု ရွေးချယ်ခံရသည်။

အမျိုးသား- ၆ဝ ကီလိုတန်းပြိုင်ပွဲ တွင် ဟိန်းရာဇာအောင် (ကာကွယ်ရေး) က ပထမ၊ ပြည့်ဖြိုးအောင်(မွန်)က  ဒုတိယ၊ အမျိုးသား- ၆၆ ကီလို တန်းပြိုင်ပွဲတွင် အောင်ဇေယျာထွန်း (ကာကွယ်ရေး)က ပထမ၊ ဟိန်းမင်းထက် (တောင်ကြီးအား/ကာ သိပံ္ပ)က ဒုတိယ၊ ထက်အောင်ဟိန်း (ရန်ကုန် အား/ကာသိပံ္ပ)နှင့် စိုင်းဖွမ်လောဝ် (တောင် ကြီး အား/ကာ သိပံ္ပ)တို့က    ပူးတွဲတတိယ၊  အမျိုးသား-၇၃     ကီလိုတန်းပြိုင်ပွဲတွင် ခွန်ရမ်စိုင်းအောင်(ကာကွယ်ရေး)က ပထမ၊ သူရဇော်(ကာကွယ်ရေး)က ဒုတိယ၊ သန့်ဇင်အောင်(ရန်ကုန်အား/ကာသိပံ္ပ)က တတိယ၊  အမျိုးသား - ၈၁  ကီလို တန်း ပြိုင်ပွဲတွင်   ပိုင်ပိုင်(ကာကွယ်ရေး)က ပထမ၊ စိုးမြင့် ထွန်း(ကာကွယ်ရေး)က ဒုတိယ၊ ဇွဲကိုကို (ကာကွယ်ရေး) နှင့် ကျော်ဇေထက်(ရန်ကုန် အား/ကာသိပ္ပံ)တို့က ပူးတွဲတတိယ၊ အမျိုးသား -၉ဝ ကီလိုတန်းပြိုင်ပွဲတွင် ကျော်ဝင်း ဦး(ကာကွယ်ရေး)က ပထမ၊ ညီညီအောင် (ရန်ကုန်အား/ကာသိပံ္ပ)က ဒုတိယ၊ ထက်အာကာဝင်း(မွန်)နှင့် မျိုးထွေးဦး(ကာကွယ်ရေး)တို့က ပူးတွဲတတိယ၊ အမျိုးသား- ၁ဝဝ ကီလိုတန်းပြိုင်ပွဲတွင် ရန်နိုင်စိုး(ပြည်ထဲရေး) က ပထမ၊ လွန်းတင်ထာန်း(ကာကွယ်ရေး) က ဒုတိယ၊ အမျိုးသား- ၁ဝဝ ကီလိုတန်းပြိုင်ပွဲတွင် ဇော်မျိုးဦး(ကာကွယ်ရေး)က ပထမ၊ဇော်လင်းအောင်(မန္တလေးအား/ကာသိပံ္ပ)က  ဒုတိယ ရရှိခဲ့ကြသည်။

အလားတူ အမျိုးသမီး - ၅၂ ကီလိုတန်းပြိုင်ပွဲတွင်  အေးမာလာ(အား/ကာသိပ္ပံ)က  ပထမ၊  ခင်ခင်စု(အား/ကာသိပ္ပံ) က ဒုတိယနှင့်  ခိုင်ခိုင်မော်(ကာကွယ်ရေး)က  တတိယ၊  အမျိုးသမီး - ၅၇ ကီလိုတန်း ပြိုင်ပွဲတွင်   နွယ်နီပွင့်လှိုင် (ပြည်ထဲရေး)က  ပထမ၊  နှင်းစန္ဒာထွန်း (ကာကွယ်ရေး)က  ဒုတိယ၊  ဆုပိုပိုအောင်(တောင်ကြီးအား/ကာသိပံ္ပ)နှင့်  သဲဇာခြည်ဦး(ကာကွယ်ရေး)တို့က ပူးတွဲတတိယ၊ အမျိုးသမီး -၆၃ ကီလိုတန်း ပြိုင်ပွဲတွင် ခြူးမြတ် နိုးဝေ (အား/ ကာ သိပ္ပံ)က ပထမ၊   နန်းယဉ်ယဉ်ခိုင်(တောင်ကြီး အား/ကာသိပံ္ပ)က ဒုတိယ၊   အေးသန္တာစိုး (တောင်ကြီးအား/ ကာသိပံ္ပ)က  တတိယ၊ အမျိုးသမီး - ၇ဝ   ကီလိုတန်းပြိုင်ပွဲတွင် ဖြိုးရွှေဇင်ကျော်   (အား/ကာ)က   ပထမ၊  နန်းဝါဝါမင်း (တောင်ကြီး အား/ ကာသိပံ္ပ) က  ဒုတိယနှင့် ပိုးအိစံ(မွန်)က တတိယ၊ အမျိုးသမီး - ၇၈   ကီလိုတန်းပြိုင်ပွဲတွင်   အေးအေး အောင်  (အား/ကာ)  က  ပထမ၊ ကေသွယ်ဦး  (မန္တလေးအား/ကာသိပံ္ပ) က ဒုတိယ၊ အမျိုးသမီး-၇၈ ကီလို တန်း ပြိုင်ပွဲ တွင် ခင်မျိုးသူ(ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး)၊  ဒေဗောရာ (အား/ကာ) က  ဒုတိယ နှင့် ချောစုပွန် (မွန်) တို့က  တတိယဆုများ  အသီးသီး ရရှိခဲ့ကြကြောင်း သိရ သည်။

ဝန်းရံခ

Read 35 times Last modified on Wednesday, 12 June 2019 09:44