SJ WorldNews - шаблон joomla Авто

အောင်သူကို ယခုထက် ပိုမိုကြိုးစားရန် ဦးဇော်ဇော်တိုက်တွန်း

Wednesday, 12 June 2019 09:44 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

ထိုင်းလိဂ်-၁ ကလပ် မြောင်တောင်ယူနိုက်တက်အသင်းတွင် ပုံမှန် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် မြန်မာ့လက်ရွေး စင် တိုက်စစ်မှူး အောင်သူကို ယခုထက် ပိုမိုကြိုးစားရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFFဥက္ကဋ္ဌ ဦးဇော်ဇော်က တိုက်တွန်း ပြောကြားသည်။

အောင်သူသည် ထိုင်းလိဂ်-၁ ပွဲစဉ်(၁၃)အပြီးတွင် မြောင်တောင်ယူနိုက်တက်အသင်း၌ ၃ဝ၃ မိနစ်သာ ပွဲထွက် ကစားခွင့်ရရှိပြီး ဂိုးဖန်တီးမှု၊ ဂိုးသွင်းယူနိုင်မှု မရှိသေးဘဲ ရုန်းကန်နေရသည်။

''ပရော်ဖက်ရှင်နယ်ကစားသမား ဆိုတာ အသင်းနဲ့ အံဝင်ခွင်ကျ ဖြစ်ရင်သုံးမယ်။   အဆင်မပြေရင်  မသုံးဘူးပေါ့။  သူ့ရဲ့ ကြိုးစားမှုနဲ့ ဆိုင်သလို   ကြိုးစားမှုကို သူ့အသင်းက  အသိအမှတ်ပြုမှုနဲ့လည်း ဆိုင်တယ်။  ဒါကြောင့်  သူ့အနေနဲ့   ဒီအသင်းမှာ နေမလား၊  တခြား အသင်းသွားမလားဆိုတာကတော့ သူ့ရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်ပါတယ်။  သေချာတာ ကတော့ အောင်သူ့ အနေနဲ့  ဒီထက်ပိုကြိုးစားရမယ်''ဟု MFF ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောသည်။

အောင်သူသည် မြောင်တောင်ယူနိုက်တက် အသင်း၌ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရပြီး ထိုင်းလိဂရာသီဝက် အပြောင်း အရွှေ့တွင် ထိုင်းလိဂ်-၁ ကလပ် Trat အသင်းနှင့် လိဂ်-၂ ကလပ် Police Tero အသင်းတို့က ခေါ်ယူရန် စီစဉ်နေသည်ဟု Sport Asia အပါအဝင် ထိုင်းမီဒီယာများတွင် ဖော်ပြထားကြောင်း သိရသည်။   

TZW

Read 48 times Last modified on Wednesday, 12 June 2019 09:45