SJ WorldNews - шаблон joomla Авто

အကြိမ်(၃ဝ)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ပဏာမ အဆင့်မြင့်ပြေးခုန်ပစ် လက်ရွေးစင် အားကစားသမားများ ရွေးချယ်

Thursday, 13 June 2019 09:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၂

မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဖိလစ်ပိုင် နိုင်ငံတွင်ကျင်းပမည့်  အကြိမ်(၃ဝ)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ပဏာမအဆင့်မြင့်ပြေးခုန်ပစ် လက်ရွေးစင် အားကစားသမားများ ရွေးချယ်ရေးနှင့် စံချိန်ယူပြိုင်ပွဲများကို    ယနေ့နံနက်ပိုင်းတွင် နေပြည်တော်  ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

ယနေ့လူရွေးပွဲများအဖြစ်   အမျိုးသား/အမျိုးသမီး မီတာ ၁ဝဝ တန်းကျော်ပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး   ကီလိုမီတာ ၂ဝ လမ်းလျှောက်ပြိုင်ပွဲ၊ အမျိုးသားတုတ်ထောက်ခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၅ဝဝ အပြေးပြိုင်ပွဲတို့ကို ယှဉ်ပြိုင် ကစားခဲ့ကြသည်။

အဆိုပါ အကြိမ်(၃ဝ)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ဖိလစ်ပိုင်နိုင်ငံမှ ပြေးခုန်ပစ်အားကစား အမျိုးအစားများတွင် တချို့အားကစားနည်းများကို   ထည့်သွင်း ကျင်းပခြင်း မရှိသည့်အတွက်   မြန်မာနိုင်ငပြေးခုန်ပစ် အဖွဲ့ချုပ်အနေဖြင့် ပဏာမအဆင့်မြင့်လက်ရွေးစင် အားကစားသမားများကို ရွေးချယ်မှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ လူရွေးချယ်မှုများကို ဇွန် ၇ ရက်မှစတင်၍ ဇွန် ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၉ ရက်အထိ ဆက်လက်ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ    အတွင်းရေးမှူး ဦးသိန်းသန်းနိုင်က ပြောကြားသည်။

အကြိမ်(၃ဝ)မြောက်  အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်း အနေဖြင့်  အမျိုးသား ပြိုင်ပွဲတွင် အားကစားအမျိုးအစား ၂၃ ခုနှင့် အမျိုးသမီးပြိုင်ပွဲတွင် အားကစားအမျိုးအစား ၂၃ ခုတို့ကို ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ် ၄၆ ခု ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ကျော်လွင

Read 24 times Last modified on Thursday, 13 June 2019 09:44