SJ WorldNews - шаблон joomla Авто

ပွဲပယ်ပြစ်ဒဏ်ကြောင့် မောင်မောင်လွင် ရခိုင်ယူနိုက်တက် အသင်းနှင့်ပွဲ လွဲချော်မည်

Thursday, 13 June 2019 10:12 font size decrease font size decrease font size increase font size increase font size

ရန်ကုန်ယူနိုက်တက်အသင်းသည် ဇွန် ၁၆ ရက်က YUSC ကွင်း၌ ရခိုင်ယူနိုက်တက် အသင်းနှင့် ပွဲစဉ်(၂) အဖြစ် ယှဉ်ပြိုင်ကစား ရမည်ဖြစ်ရာ  အဆိုပါပွဲတွင် ရန်ကုန်ယူနိုက် တက်အသင်း၏  အဓိကကွင်းလယ်ကစားသမား မောင်မောင်လွင် ပွဲပယ်ပြစ်ဒဏ်ကြောင့်   ပါဝင်နိုင်မည် မဟုတ်ကြောင်း သိရသည်။

 

မောင်မောင်လွင်သည်   အဝါကတ်သုံး ကတ်ထိခဲ့သည့်အတွက် တစ်ပွဲပယ်ပြစ်ဒဏ် ကျခံရခြင်း ဖြစ်သည်။ မောင်မောင်လွင်သည် ရန်ကုန်ယူနိုက်တက် အသင်းကစားခဲ့သည့် ပွဲစဉ်များတွင်   အဓိကပွဲထွက် ကစားခွင့်ရသည့် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အသင်းအတွက်   ငါးဂိုးသွင်းယူပေးထားသည်။

ဝေသာလီ အားကစားကွင်း၌  ကစားခဲ့သည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပထမအကျော့ ပွဲစဉ်တွင်   ရန်ကုန်ယူနိုက်တက်အသင်းက မောင်မောင်လွင်၏ သွင်းဂိုး တစ်ဂိုးတည်းဖြင့်   အိမ်ရှင် အသင်းကို အနိုင်ရရှိခဲ့သည်။

TZW

Read 26 times Last modified on Thursday, 13 June 2019 10:13