SJ WorldNews - шаблон joomla Авто

အာရှပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ငွေတံဆိပ်ဆုရရှိ

Thursday, 13 June 2019 10:13 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပသည့်  အာရှပိုက်ကျော်ခြင်း ချန်ပီယံရှစ်ဖိတ်ခေါ် ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်း အသင်းသည် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက် ခဲ့သော်လည်း ဗိုလ်လုပွဲတွင်    ထိုင်းအသင်း ကိုရှုံးနိမ့်ပြီး ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ ရသည်။

 

ဇွန် ၁၂ ရက်က ကျင်းပသည့် အာရှပိုက်ကျော်ခြင်း အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို  အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သော်လည်း နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။  မြန်မာအမျိုး သမီးပိုက်ကျော်ခြင်း အသင်းသည် ယင်းပြိုင်ပွဲ အုပ်စုအဆင့်တွင် ဂျပန်၊ မလေးရှားအသင်း တို့ကို အနိုင်ယူကျော်ဖြတ်ပြီး  အကြိုဗိုလ်လုပွဲ၌ အိမ်ရှင် တရုတ်အသင်းကို   နှစ်ပွဲပြတ်ဖြင့်  အနိုင်ရကာ  ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

1st Asian Sepaktakraw Champion-ship ဖိတ်ခေါ်ပြိုင်ပွဲကို ဇွန် ၁ဝ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပ လျက်ရှိသည်။  ပြိုင်ပွဲတွင် အိမ်ရှင် တရုတ်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ မလေးရှား နိုင်ငံတို့မှ ပြိုင်ပွဲဝင်အသင်း ၂၈ သင်း ပါဝင် ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း အသင်းအနေဖြင့် အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲ၌သာယှဉ်ပြိုင်ခဲ့သည်။ မြန်မာအမျိုး သမီးပိုက်ကျော်ခြင်းအသင်းတွင် အေးအေး သန်း၊ ဆုမွန်ကျော်၊ ယမုံဇင်၊ စုမြတ်မိုးတို့ ပါဝင်သည်။

မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်သည် နိုဝင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပ မည့် ၂ဝ၁၉ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း)တွင် အောင်မြင်မှုရရှိရေး အတွက် ပဏာမကစားသမားများရွေးချယ် ကာ နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်နေ ပြီး နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း  သိရ

သည်။                              

TZW

Read 32 times Last modified on Thursday, 13 June 2019 10:14