SJ WorldNews - шаблон joomla Авто

ဂါရတ်ဘေးလ် ပရီးမီးယားလိဂ်သို့ အငှားသွားကစားမည် မဟုတ်ဟု အေးဂျင့်ဆို

Thursday, 20 June 2019 11:43 font size decrease font size decrease font size increase font size increase font size

ရီးယဲလ်အသင်းမှ ဝေးလ်တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်သည် နည်းပြဇီဒန်းလက်အောက်တွင် ပွဲထွက်ခွင့်ရရှိနိုင်မည် မဟုတ်သောကြောင့် မန်ယူသို့မဟုတ် အင်္ဂလန်ပရီးမီးယားလိဂ်အသင်း တစ်သင်းသို့ အငှားဖြင့် သွားရောက်ကစားမည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း ဘေးလ်၏အေးဂျင့်ဖြစ်သူက ဒေးလီးမေးလ်သို့ ပြောကြားသည်။

ဂါရတ်ဘေးလ်သည် ရီးယဲလ်အသင်းသို့ ဟာဇက်၊ဂျိုဗစ်ခ်ျနှင့် တခြားကစားသမားသစ်များ ရောက်ရှိလာခြင်းကြောင့် နည်းပြဇီဒန်း၏ အနာဂတ်စီမံကိန်းတွင် ပါဝင်နိုင်ခြင်း မရှိတော့သည့်အတွက် ပရီးမီးယားလိဂ်အသင်းများထံ အငှားဖြင့် သွားရောက်ကစားရလိမ့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် ဘေးလ်၏အေးဂျင့်ဖြစ်သူက ရီးယဲလ်တွင် ဆက်လက်နေထိုင်ခြင်းဖြင့် ဂါရတ်ဘေးလ်သည် ဆုဖလားများရရှိရန် အခွင့်အရေးပိုရှိနေသည့်အတွက် အသင်းပြောင်းလဲမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ဂါရတ်ဘေးလ်၏ တစ်ပတ်လစာသည် ပေါင်ခြောက်သိန်းနီးပါးရှိပြီး ၄င်းအား ဘိုင်ယန်အသင်းက အငှားဖြင့် ခေါ်ယူလိုသော်လည်း အဆိုပါလစာမျိုးပေးနိုင်ခြင်း မရှိသည့်အတွက် လက်လျှော့ခဲ့ရကြောင်း သိရသည်။

Ref:Dailymail

Read 15 times Last modified on Thursday, 20 June 2019 11:43