SJ WorldNews - шаблон joomla Авто

ပလာတီနီကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ သက်သေအဖြစ် စုံစမ်းစစ်ဆေးမှုသာ ဖြစ်ကြောင်း ရှေ့နေဖြစ်သူ သတင်းထုတ်ပြန်

Thursday, 20 June 2019 11:43 font size decrease font size decrease font size increase font size increase font size

ယူအီးအက်ဖ်အေဥက္ကဋ္ဌဟောင်း ပလာတီနီကို ဇွန် ၁၈ ရက်က နိုင်ငံတကာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သော်လည်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်အပြီး ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။ အသက် ၆၃ နှစ်ရှိပြီဖြစ်သော ပလာတီနီသည် ၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာ နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိမှုတွင် လာဘ်စားပြီး မဲပေးသည်ဟုဆိုကာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

သို့သော် ပလာတီနီ၏ ပြောရေးဆိုခွင့်ရှိသူက ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ ခေါ်ယူစစ်ဆေး မေးမြန်းခြင်း ခံရခြင်းသာဖြစ်သည်ဟု သတင်းထုတ်ပြန်ကာ ပလာတီနီသည် အပြစ်တစ်စုံတစ်ရာ လုပ်ထားခြင်းမရှိသည့်အတွက် စစ်ဆေးမေးမြန်းမှုများကို အားလုံးဖြေကြားခဲ့ပြီးနောက် နေအိမ်သို့ ပြန်လာခဲ့ခြင်းသာ ဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။

ပလာတီနီ၏ရှေ့နေ ဝီလျံဘော်ဒွန်က ''ပလာတီနီကိုယ်စား ကျွန်တော်ပြောချင်တာကတော့ ဖမ်းဆီးခံရ တယ်ဆိုတာ မဟုတ်ဘူးဆိုတာပါပဲ။ ဒီစုံစမ်းစစ်ဆေးမှုမှာ သက်သေတစ်ဦးအနေနဲ့ စုံစမ်းမေးမြန်းခံရံရခြင်းသာ ဖြစ်ပါတယ်။ ပလာတီနီက မေးခွန်းမှန်သမျှကို ရိုးသားစွာ ဖြေကြားခဲ့ပြီး အပြစ်တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိဘူးဆိုတာကိုလည်း ထွက်ဆိုခဲ့ပြီးဖြစ်ပါတယ်''ဟု သတင်းထုတ်ပြန်ထားသည်။

၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ဥရောပတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုဖြစ်သော ရွှေဘောလုံးဆုကို သုံးကြိမ်ဆက်တိုက် ရရှိသည့် ပလာတီနီသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ) ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်မှုတွင် ကာတာနိုင်ငံသား အာရှဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း မိုဟာမက်ဘင်ဟာမန်းနှင့် အကြိမ် ၃ဝ မှ ၅၀ ကြား တွေ့ဆုံခဲ့သည်ဟူသော စွပ်စွဲချက်များ  ရှိခဲ့သည်။ ထို့ပြင် ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာသည် ၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရစေရန် ပလာတီနီထံမှ မဲအလိုရှိသောကြောင့် ပေါင် ၁ ဒသမ ၃၅ သန်းပေးခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဘောလုံးလောကနှင့် မပတ်သက်ရပြစ်ဒဏ် ချမှတ်ခံခဲ့ရသေးသည်။

ပလာတီနီသည် ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလက ပြင်သစ်သမ္မတ ရှာကိုဇီအပါအဝင် ဘင်ဟာမန်းနှင့် တွေ့ဆုံပြီး ကာတာနိုင်ငံကို ကမ္ဘာ့ဖလားအိမ်ရှင်လုပ်ခွင့်ရစေရန် တိုင်ပင်ခဲ့သည်ဆိုသော စွဲချက်များလည်း ရှိသည်။

ပလာတီနီသည် ၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်လုပ်ခွင့်နှင့်ပတ်သက်ပြီး ဖီဖာနှင့် ယူအီးအက်ဖ်အေအတွင်း အကျင့်ပျက်ခြစားမှုများ ပေါက်ကြားမှုကြောင့် ၂၀၁၅ ခုနှစ်က ဘောလုံးလောကနှင့် ခြောက်နှစ်ကြာ မပတ်သက်ရ ပြစ်ဒဏ်ချမှတ်ခံရပြီး ဖီဖာဥက္ကဌဟောင်း ဘလတ္တာသည် ဘောလုံးလောကနှင့် ရှစ်နှစ်မပတ်သက်ရ ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ ၂ဝ၁၅ ခုနှစ်က ပလာတီနီသည် အစောပိုင်းတွင် အမေရိကန်ကို အိမ်ရှင်အဖြစ် မဲပေးရန် စိတ်ကူးခဲ့သေးသော်လည်းပြင်သစ်သမ္မတ ရှာကိုဇီနှင့် တွေ့ဆုံပြီးမှ ကာတာနိုင်ငံကို အိမ်ရှင်အဖြစ် မဲပေးရန် စိတ်ကူးပြောင်းခဲ့သည်ဟု အေပီသတင်းဌာနတွင် တရားဝင်ထုတ်ဖော်ပြောကြား ခဲ့သည်။ Ref:Dailymail

Read 27 times Last modified on Thursday, 20 June 2019 11:44