SJ WorldNews - шаблон joomla Авто

အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)ကျောင်းသားများကို ကျန်းမာရေးစစ်ဆေး

Thursday, 20 June 2019 11:44 font size decrease font size decrease font size increase font size increase font size

အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)၌ တက်ရောက်မည့် ကျောင်းသားများကို ဇွန် ၁၈ ရက်က MFF Medical Department တွင် ဆရာဝန်များနှင့် ကျွမ်းကျင်သူများက အထွေထွေကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် ၂ဝ၁၉ - ၂ဝ၂ဝ ပညာသင်နှစ်တွင် တက်ရောက်မည့် အမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်၊ မန္တလေး၊ ပုသိမ်)တို့မှ ကျောင်းသားအားလုံးကို စစ်ဆေးမှု အဆင့်နှစ်ဆင့်ဖြင့် ပြုလုပ်လျက် ရှိသည်။

ပထမအဆင့်၌ ကျောင်းသားများ၏ ကျန်းမာရေး၊ ဒဏ်ရာအခြေအနေ၊ မိသားစု ကျန်းမာရေးနှင့် ပတ်သက်သည့် နောက်ကြောင်းဖြစ်စဉ်များ မေးမြန်းခြင်း၊ ခန္ဓာကိုယ်စစ်ဆေးခြင်း (နှလုံး၊ အဆုတ်၊ ဝမ်းဗိုက်၊သွေးလှည့်အဖွဲ့အစည်း)၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံး၏ အရိုးအဆစ်အနေအထား၊ ဘက်ညီမှု ရှိ၊ မရှိ ဆန်းစစ်ခြင်းများ ပြုလုပ်ခဲ့သည်။

ဒုတိယအဆင့် စစ်ဆေးမှုအဖြစ် ကာယကြံ့ခိုင်မှု အနေအထားများကို Sport Science Department မှ တာဝန်ရှိသူများက ဇွန် ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် ထပ်မံစစ်ဆေးမည် ဖြစ်သည်။

ယင်းကဲ့သို့ အထွေထွေ စစ်ဆေးမှုများကို အမျိုးသားဘောလုံး အကယ်ဒမီ(မန္တလေး၊ပုသိမ်)တို့၌ ယခုလ အစောပိုင်းက ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

TZW

Read 13 times Last modified on Thursday, 20 June 2019 11:45