SJ WorldNews - шаблон joomla Авто

အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နှစ်သင်းခွဲယှဉ်ပြိုင်

Thursday, 20 June 2019 11:45 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ဇွန် ၁၈ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နှစ်သင်းခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အစိမ်းရောင်အသင်းနှင့် အဝါရောင်အသင်းဟူ၍ ယှဉ်ပြိုင်ကစားခဲ့ပြီး အစိမ်းရောင်အသင်းက ၆ ဂိုး-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ နှစ်သင်းစလုံး၌ အမာခံကစားသမားများ ပါဝင်ကစားခဲ့ပြီး အရန်ကစားသမား များကိုလည်း တွဲဖက်အသုံးပြုခဲ့သည်။

အစိမ်းရောင် အသင်းကို အသင်းခေါင်းဆောင်ခင်မာလာထွန်းက ဦးဆောင်ကစားခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနား ဆက်လက်ကျင်းပရာ အနိုင်ရရှိသည့် အစိမ်းရောင် အသင်းကို ဆုကြေး ငွေကျပ်နှစ်သိန်းနှင့် အဝါရောင်အသင်းကို ငွေကျပ်တစ်သိန်း ချီးမြှင့်ခဲ့သည်။

ယင်းဆုများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တွဲဖက်အတွင်းရေးမှူး ဦးတင်မြင့်အောင်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇွန် ၁၂ ရက်မှစ၍ ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး သြဂုတ်လတွင် ယှဉ်ပြိုင်ရမည့် ၂ဝ၁၉ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။

TZW

Read 24 times Last modified on Thursday, 20 June 2019 11:46