SJ WorldNews - шаблон joomla Авто

အရှေ့တောင်အာရှ အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာလှေလှော်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ

Thursday, 20 June 2019 11:54 font size decrease font size decrease font size increase font size increase font size

ထိုင်းနိုင်ငံ ပတ္တယားမြို့၌ ဇွန် ၂ဝ ရက်မှ ၂၃ ရက်အထိကျင်းပမည့် အရှေ့တောင်အာရှ သက်ငယ်တန်းနှင့် သက်ကြီးတန်းအနောက်တိုင်း လှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ၊ အရှေ့တောင်အာရှ ကနူးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ (2019 South East Asian Rowing and Conoeing Championship)သို့ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်မှ မြန်မာ့လက်ရွေးစင်လှေလှော်အားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ မြန်မာလှေလှော် အားကစားအဖွဲ့တွင် အသင်းအုပ်ချုပ်သူ ဦးခင်မောင်မြင့်၊ နည်းပြချုပ် ဦးကျော်ဝင်း၊ အင်္ဂလန်နှင့်ဟန်ဂေရီ နည်းပြများနှင့် အားကစားသမား ၁၅ ဦးတို့သည် ယမန်နေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များက ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

အဆိုပါပြိုင်ပွဲ၌ မြန်မာအသင်းသည် အမျိုးသားပွဲစဉ်တွင် LM 1X, LM 2X,M 2 ပြိုင်ပွဲများ၊ အမျိုးသမီးပြိုင်ပွဲတွင် LW 1X,LW 2X,W 2တို့ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ၌ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့်ဗီယက်နမ်နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

Read 32 times Last modified on Thursday, 20 June 2019 11:54