SJ WorldNews - шаблон joomla Авто

နိုင်ငံတကာ သင်္ချာပြိုင်ပွဲတွင် ရွှေတစ်ခု၊ ငွေငါးခုနှင့် ကြေးငါးခုရရှိ

Thursday, 11 July 2019 08:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၀

စင်ကာပူ နိုင်ငံ၌ ဇူလိုင် ၆ ရက်မှ  ၉ ရက်အထိကျင်းပခဲ့သော   Singapore International Math Olympiad Challenge 2019 (SIMOC 2019) ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၁၂ ဦး သွားရောက်ယှဉ်ပြိုင် ခဲ့ရာ ရွှေတစ်ခု၊ ငွေငါးခုနှင့် ကြေးငါးခု ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင်   ရွှေတံဆိပ်ဆုကို   မောင်အံ့ကောင်းပိုင် (PISM)-Maths Warriors ၊ ငွေတံဆိပ်ဆုကို မောင်ထက် ဝေလျှံ (Dulwich International School)- Math Olympiad၊ မောင်ဘုန်းလျှံကျော် (PISM)-Math Olympiad၊ အောင်အံ့ ကောင်းပိုင် (PISM)-Math Olympiad၊ မအိမ့်မြတ်နိုးဦး (BEHS -1, Dagon) Math Warrior နှင့် မအိမ့် မြတ်နိုးဦး (BEHS  -1, Dagon) - Mind Sports နှင်ကြေးတံဆိပ်ဆုအား မောင်ကောင်းခန့်လင်း  (NIEC) -Math Olympiad၊ မအိမ့်မြတ်နိုးဦး  (BEHS-1, Dagon)- Math  Olympiad၊ မောင်စွမ်းဇေယျာ  (BEMS -1,Dagon)- Math Olympiad၊ မောင်ဥာဏ်လှိုင်မိုး (PISM)-Mind Sport၊ မောင်သက်ပိုင်ထူး (BEHS  -1, Bago)-Math Warriors  နှင့်ဂုဏ်ပြုဆု မောင်ဉဏ်လှိုင်မိုး (PISM)-Math Olympiad၊   မောင်ကြည်မင်းခန့် (BEHS - 3,Bago)-Math Olympiad၊  မောင်သက်ပိုင်ထူး (BEHS- 3, Bago)- Math Olympiad၊ မရွှန်းသော်တာဦး (BEHS -1,Dagon) - Math Olympiad တို့ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် သင်္ချာပြိုင်ပွဲ တစ်မျိုးတည်း  ယှဉ်ပြိုင်ရခြင်း မဟုတ်ဘဲ အခြားနိုင်ငံက  ကျောင်းသားများ နှင့်တွဲ၍   အသင်းလိုက် ယှဉ်ပြိုင်ရသည့် Maths Warriors ခေါ် သင်္ချာ ဂိမ်းပြိုင်ပွဲနှင့်  Mind Sports IQ  ဉဏ်စမ်း ပြိုင်ပွဲများကိုပါ  တစ်နေ့ တည်း ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း၊  အဆိုပါ ကျောင်းသားများမှာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် T & H Maths Centre  မှ ကျင်းပ ခဲ့သည့်  AMO , Maths Kangaroo နှင့် SASMO ပြိုင်ပွဲတို့ တွင်မှာ ဆုတံဆိပ်များ ရရှိခဲ့သည့် အတွက် ယခု ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ကြား ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

Read 40 times Last modified on Thursday, 11 July 2019 08:59