SJ WorldNews - шаблон joomla Авто

မြန်မာ လက်ရွေးစင်ယူ-၁၈ အသင်း ဂျပန်နိုင်ငံသို့ လေ့ကျင့်ရေး ခြေစမ်းခရီးစဉ် သွားရောက်မည်

Thursday, 11 July 2019 11:38 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဘောလုံး

မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းသည် အာဆီယံယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်ပြီး လေ့ကျင့်ခြေစမ်းမည် ဖြစ်သည်။

မြန်မာယူ-၁၈ အသင်း အနေဖြင့် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ J-GREEN SAKAI လေ့ကျင့်ရေး စင်တာတွင် ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်ထိ ၁၀ ရက်ကြာ လေ့ကျင့်မည်ဖြစ်သည်။

လေ့ကျင့်ရေး ကာလအတွင်း ဇူလိုင် ၁၈ တွင် Cerezo Osaka U-18 အသင်း နှင့်လည်းကောင်း၊ ဇူလိုင် ၂၁ တွင် Osaka Sangyo University အသင်းနှင့်လည်းကောင်း၊ ဇူလိုင် ၂၄ တွင် Hannan University အသင်း နှင့်လည်းကောင်း ခြေစမ်းမည်ဖြစ်သည်။

မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး ဂျပန် လေ့ကျင့်ခြေစမ်း ခရီးစဉ်တွင် ကစားသမား ၂၅ ဦးပါဝင်ကာ ဇူလိုင် ၁၅ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာမည် ဖြစ်သည်။

TZW

 

 

Read 40 times Last modified on Thursday, 11 July 2019 11:38