SJ WorldNews - шаблон joomla Авто

တန်ကြေးအကြီးဆုံး ယူ-၂၁ ကစားသမားအဖြစ် အမ်ဘပ်ပီရပ်တည် Soccerex စစ်တမ်းတွင် ပထမဆုံးတန်ကြေးပေါင်သန်း ၂ဝဝ ကျော်သူဖြစ်လာ

Sunday, 14 July 2019 09:09 font size decrease font size decrease font size increase font size increase font size

အမေရိကန်နိုင်ငံမီယာမီမြို့၌ အခြေစိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဈေးကွက်စီးပွားရေး လုပ်ငန်းများကိုလုပ်ကိုင်နေသည့် Soccerex အဖွဲ့အစည်းမှ ငါးနှစ်မြောက်အဖြစ်ထုတ်ပြန်လိုက်သော လက်ရှိတန်ကြေးအကြီးဆုံး ယူ-၂၁ ကစားသမားများ စာရင်းတွင် အသက် ၂ဝ အရွယ် ပြင်သစ်နှင့် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘပ်ပီသည် တန်ကြေးပေါင် ၂၃၄ သန်းဖြင့် ထိပ်ဆုံးမှရပ်တည်ခဲ့သည်။ အမ်ဘပ်ပီသည် ပြီးခဲ့သည့်နှစ်ကလည်း အဆိုပါစာရင်းတွင် ထိပ်ဆုံးမှရပ်တည်နိုင်ပြီး ယခုနှစ်အတွက် စာရင်းတွင် အနီးဆုံးသော တန်ကြေးအကြီးဆုံး လူငယ်ကစားသမားဖြစ်သည့် ဒေါ့မွန်အသင်းမှ အင်္ဂလန်လက်ရွေးစင်  ဂေါ်ဒွန်ဆန်ချိုထက် နှစ်ဆ ကျော်တန်ကြေးများနေကြောင်း သိရသည်။ အမ်ဘပ်ပီသည် ပြီးခဲ့သည့်ရာသီက မက်ဆီပြီးနောက် ဥရောပ၌ ဒုတိယဂိုးအများဆုံးသွင်းနိုင်သူအဖြစ် ရပ်တည်နိုင်သည့်အတွက် ရီးယဲလ် အပါအဝင် ထိပ်တန်းအသင်းများစွာက   အလိုရှိနေပြီး အသက်အရွယ်နှင့် အလားအလာကြောင့် အမှန်တကယ်ကာလပေါက်ဈေးမှာ ပေါင် ၂၃၄ သန်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။ ဆန်ချိုအတွက်   တန်ကြေးပေါင်  ၁ဝ၇  သန်း သတ်မှတ်ထားပြီး ¤င်းနောက်တွင် အေဂျက်အသင်း မှ ဆယ်ကျော်သက်ခံစစ်မှူး ဒီလစ်ဂ်က တန်ကြေး ပေါင် ၆၇ သန်းဖြင့် တတိယနေရာတွင် လိုက်နေ သည်။ ဆယ်ကျော်သက် အရွယ်ဖြင့် အေဂျက်အသင်း ခေါင်းဆောင်ရာထူးရယူထားသော ဒီလစ်ဂ်သည်  အသက်  ၂ဝ  အောက် ကစားသမားများထဲတွင် တန်ကြေးအကြီးဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။ အဆိုပါစာရင်းတွင် အင်္ဂလန်မှ ကစားသမား အများဆုံး ပါဝင်ပြီး ထိပ်တန်းအယောက် ၂ဝ စာရင်း၌ အင်္ဂလန်ကစားသမားခြောက်ဦးပါဝင်ကာ ပြင်သစ်ကစားသမား လေးဦးအထိ ပါဝင်သည်။ ၎င်းတို့နောက်တွင်  ဘရာဇီးမှ  သုံးဦး၊ အီတလီမှ နှစ်ဦး၊ ပေါ်တူဂီ၊ နယ်သာလန်၊ အမေရိကန်၊ ဂျာမနီနှင့် နိုက်ဂျီးရီးယားတို့မှ တစ်ဦးစီပါဝင်နေကြောင်း တွေ့ရသည်။

Read 36 times Last modified on Sunday, 14 July 2019 09:11