SJ WorldNews - шаблон joomla Авто

၂၀၁၉ မြန်မာ့ရိုးရာ ရွှေခါးပတ် ချန်ပီယံလုပွဲ ဗိုလ်လုပွဲစဉ်များ ကျင်းပ

Monday, 15 July 2019 10:09 font size decrease font size decrease font size increase font size increase font size

မန်္တလေး၊ လက်ဝှေ့

၂၀၁၉   ခုနှစ်အတွက်   မြန်မာ့ရိုးရာ လက်ဝှေ့ရွှေခါးပတ် ချန်ပီယံလုပွဲ  ဗိုလ်လုပွဲစဉ် များကို ဇူလိုင် ၁၃ ရက်က  မနလေး မြို့ရှိ ဒိုင်းမွန်းပလာဇာ၌  ကျင်းပရာ  ၀ိတ်တန်း အကြီးများတွင် ဗျဂ်္ဃ၊ စောမင်းနိုင်၊ ထွန်းနိုင်ဦး၊ စိန်မျိုးအောင်နှင့် ရန်နိုင်ထွန်း တို့က အသီးသီး အနိုင်ရရှိကြသည်။ 

ကီလိုတန်း ရှစ်တန်း၌ အမျိုးသမီးတွဲဆိုင်း တစ်ဆိုင်းအပါအ၀င်  တွဲဆိုင်း  ၁၀  ဆိုင်း ပါဝင်ယှဉ်ပြိုင်ကြပြီး  ကြားပွဲတွဲဆိုင်း   နှစ် ဆိုင်းကိုလည်း   ထည့်သွင်း ကျင်းပခဲ့သည်။ (၅၁)ကီလိုတန်းတွင် သိန်းစိုးက  သန့်ဇင် ထူးကို  အမှတ်ဖြင့်အနိုင်ရပြီး  (၅၇)ကီလို တန်းတွင် မနလေးမြို့ခံ ဗျဂက ဟိန်းထွန်း အောင်ကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။ (၆၀)ကီလိုတန်းတွင် စောမင်းနိုင်က နက်္ခအောင်ကို ပထမအချီတွင်    အလဲထိုးဖြင့်အနိုင်ရပြီး (၆၃ ဒသမ ၅) ကီလိုတန်းတွင် ထွန်းနိုင်ဦးက သွေးသစ် မောင်ကို အမှတ်ဖြင့်ပင်အနိုင်ရခဲ့ သည်။ (၆၇)ကီလိုတန်းတွင် စိန်မျိုးအောင်က ရဲတံခွန်ကို အမှတ်ဖြင့် အနိုင်ရခဲ့ပြီး  (၇၁)ကီလိုတန်းတွင် ရန်နိုင်ထွန်းက  ရှမ်းကိုကို ပထမအချီမှာပင်အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

(၄၉ - ၅၃) ကီလိုတန်း အမျိုး သမီးတွဲဆိုင်းတွင် ရွှေကိုလေးက  မေသဇင် ထူးကို   အမှတ်ဖြင့်အနိုင်ရခဲ့ပြီး   ကြားပွဲ တွဲဆိုင်း နှစ်ဆိုင်းတွင် ဇွဲမာန်အောင်က စည် တော်ဟိန်းကို လေးချီတွင် အနိုင်ရခဲ့ပြီး သား ဒိန်းနှင့် ဘွိုင်ကာတို့၏ ပွဲစဉ်သည် ပူးတွဲသရေ ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

TZW

Read 9 times Last modified on Monday, 15 July 2019 10:10