SJ WorldNews - шаблон joomla Авто

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ကမ္ဘာ့ အဆင့်နှစ်ဆင့် ကျဆင်း

Monday, 15 July 2019 10:10 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

ကမာ့ ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)က ထုတ် ပြန်သည့် ကမာ့ အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်  အမျိုးသမီး ဘောလုံး အသင်းသည်    အဆင့်နှစ်ဆင့် ကျဆင်းပြီး အဆင့် (၄၆) ၌ ရပ်တည်နေသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် မတ်လကထုတ်ပြန်သည့် ကမာ့ အဆင့် သတ်မှတ်ချက်တွင် အဆင့် (၄၄)၌ ရပ်တည် ပြီး  ဇူလိုင်  ၁၂  ရက်က ထုတ်ပြန်သည့် ကမာ့ အဆင့်သတ်မှတ်ချက်တွင်   ရမှတ် ၁၅၂၁ မှတ်ဖြင့် အဆင့်(၄၆) ၌ ရပ်တည် နေခြင်းဖြစ်သည်။

 မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် မတ်လမှ ဇူလိုင်ဒုတိယပတ်အတွင်း နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားခြင်း မရှိဘဲ ပြည်တွင်းခြေစမ်းပွဲများသာ ကစားခဲ့သည်။ ဇူလိုင်လ ကမာ့ အဆင့်သတ်မှတ်ချက် အရ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း သည် အရှေ့တောင် အာရှတွင် တတိယနှင့် အာရှနိုင်ငံများတွင် အဆင့်(၁၀)   နေရာ၌ ရပ်တည် နေသည်။ ကမာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)သည် အမျိုးသမီးဘောလုံးအသင်း များ၏ ကမာ့ အဆင့် သတ်မှတ် ချက်ကို တစ်နှစ်လျှင်    လေးကြိမ်သာ   ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။ လက်ရွေးစင် အမျိုး သမီးအသင်းများ ကမာ့ အဆင့် ရပ်တည်ချက်ကို စက်တင်ဘာ ၂၇ ရက်တွင် ထပ်မံ ကြေညာ မည်ဖြစ်ကြောင်း သိရသည်။        

TZW

 

Read 14 times Last modified on Monday, 15 July 2019 10:11