SJ WorldNews - шаблон joomla Авто

ပုဂ်္ဂိုလ်ရေး ကိစ္စကြောင့် ဇီဒန်း မွန်ထရီရယ်မှ စပိန်သို့ပြန်သွား

Monday, 15 July 2019 10:11 font size decrease font size decrease font size increase font size increase font size

မွန်ထရီရယ်၊ ဘောလုံးနည်းပြ

ရီးယဲလ်နည်းပြ ဇီဒန်းသည် ဇူလိုင် ၁၂ ရက်က ရာသီကြို လေ့ကျင့်ခန်း ဆင်းနေသော ကနေဒါနိုင်ငံ  မွန်ထရီရယ်မြို့မှ  စပိန်သို့ ပုဂ်္ဂိုလ်ရေး ကိစကြောင့်  ပြန်သွားကြောင်း သိရသည်။ ယခုလ ကုန်ပိုင်းတွင် ရီးယဲလ် အသင်းသည် နိုင်ငံတကာ ချန်ပီယံများ ဖလား ပြိုင်ပွဲ စတင် ကစားရန် ရှိနေသဖြင့် မွန်ထရီရယ်မြို့၌ စခန်းသွင်းလေ့ကျင့်နေခြင်းဖြစ်သည်။

ရီးယဲလ် အသင်းသည် ဇူလိုင် ၂၁ ရက်တွင် ဘိုင်ယန်အသင်းနှင့် နိုင်ငံတကာချန်ပီယံ များဖလားပြိုင်ပွဲ စတင်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ဇူလိုင် ၂၄ ရက်တွင် အာဆင်နယ်၊ ဇူလိုင် ၂၆ ရက်တွင် အက်သလက်တီကိုတို့နှင့် ကစားရမည်ဖြစ်ကာ ဇူလိုင် ၃၀ ရက်တွင် အော်ဒီဖလားပြိုင်ပွဲ အဖြစ် စပါး၊ ဇူလိုင် ၃၁ ရက်တွင် အော်ဒီဖလားပလေးအော့ဖ်ပွဲ သို့မဟုတ် ဗိုလ်လုပွဲများ ကစားရန် ရှိသည်။ ရီးယဲလ်သည် ယခုနွေရာသီ ဈေးကွက်တွင် ဟာဇက် အပါအ၀င် ကစားသမား လေးဦး ခေါ်ယူထားသည်။         

Ref:Dailymail

Read 28 times Last modified on Monday, 15 July 2019 10:24