SJ WorldNews - шаблон joomla Авто

ဆိုးလ်ရှားနည်းပြအဖွဲ့ဝင် မာ့ခ်ဒမ်ဆေး ပါ့သ်မြို့၌ ဆေးရုံတင်ခဲ့ရ

Monday, 15 July 2019 10:24 font size decrease font size decrease font size increase font size increase font size

ပါ့သ်၊ ဘောလုံး

မန်ယူအသင်းသည် သြစတြေးလျနိုင်ငံ ပါ့သ်မြို့သို့ ရာသီကြိုခြေစမ်းခရီးစဉ်ရောက် ရှိနေစဉ် နည်းပြဆိုးလ်ရှား၏ လက်ထောက် နည်းပြအဖွဲ့ဝင်များထဲမှ မာ့ခ်ဒမ်ဆေးသည် နာမကျန်းဖြစ်ပြီး   ရွိုင်ရယ်ပါ့သ် ဆေးရုံသို့  တင်ခဲ့ရ ကြောင်းနှင့် အခြေအနေမှာ တည်ငြိမ် သွားပြီဖြစ်ကြောင်း သိရသည်။

မာ့ခ်ဒမ်ဆေးသည် ဇူလိုင် ၁၂ ရက်တွင် အသင်းတည်းခိုရာ  ကရောင်းတာဝါဟိုတယ်၌ ဆေးသုံးလွန်ပြီး ဆေးရုံတင်ခဲ့ ရသည်ဟု  အစောပိုင်းသတင်းများတွင် ဖော်ပြခဲ့သော် လည်း The Sun သတင်းစာက လန်ကက် ရှိုင်းယားရှိ  ဇနီးဖြစ် သူကို စုံစမ်းမေးမြန်းခဲ့ ရာတွင် ရေဓာတ်ခန်းခြောက်၍ ရုတ်တရက် ဖျားနာကာ ဆေးရုံတင်ခဲ့ရခြင်းဖြစ်ပြီး နောက် နေ့တွင်  ဆေးရုံမှ  ပြန်ဆင်းနိုင်လိမ့်မည်ဟု ပြောခဲ့ကြောင်း သိရသည်။

မာ့ခ်ဒမ်ဆေးသည် ယခင်က စကင်ဒီနေး ဗီးယန်းဒေသ၌ နည်းပြအဖြစ် ကျင်လည်ခဲ့ပြီး မှ ဆိုးလ်ရှားလက်ထက်တွင် မန်ယူ အသင်း နည်းပြအဖွဲ့ဝင် ဖြစ်လာခြင်းဖြစ်သည်။

မန်ယူအသင်း   တာဝန်ရှိသူတစ်ဦးက ““ကျွန်တော်တို့နည်းပြအဖွဲ့ဝင် တစ်ဦး တစ်ည လုံးဖျားနာနေတဲ့အတွက် အသင်း ဆရာဝန်ရဲ့ လမ်းညွှန်မှုအရ ကုသမှုတွေလုပ်နိုင်ဖို့ ဆေးရုံ တင်ခဲ့ရတာဖြစ်ပါတယ်။ စိုးရိမ်စရာမရှိပေမယ့် နာမကျန်းမှု အနေအထားမှာ လေးစားမှု ရှိရမှာမို့   ဒီလောက်ပဲ  သတင်းထုတ်ပြန်ပါ တယ်”” ဟုပြောသည်။   

Ref:The Sun

Read 45 times Last modified on Monday, 15 July 2019 10:28