SJ WorldNews - шаблон joomla Авто

ကစားသမားဘ၀မှ အနားယူကြောင်း ပီတာခရော့ခ်ျကြေညာ

Monday, 15 July 2019 10:29 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ဘောလုံး

အင်္ဂလန်၊ လီဗာပူး၊ စပါးနှင့် ဘန်လေ တိုက်စစ်မှူးဟောင်း ပီတာခရော့ခ်ျသည် ကစားသမားဘ၀မှ အနားယူကြောင်းကို ဇူလိုင်  ၁၂  ရက်က  အတည်ပြုခဲ့သည်။ အသက် ၃၈ နှစ်ရှိ ပြီဖြစ်သော ပီတာခရော့ခ်ျသည် ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀တွင် ၂၁ နှစ်ကြာ ကျင်လည်ခဲ့ပြီး ပို့စ်မောက်၊ ဗီလာနှင့် စတုတ်အသင်းများ၌လည်း ကစားကာ ဇွန်လက ဘန်လေအသင်း နှင့်  စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့်အတွက်  အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အရပ် ၆ ပေ ၇ လက်မမြင့်သော ပီတာခရော့ခ်ျက  ကြံ့ခိုင်မှု အပြည့်ရှိနေသော်လည်း ယခုအသက်အရွယ်တွင် အရန် ကစား သမားအဖြစ်သာ ကစားခွင့်ရခြင်းကို  မခံစား နိုင်သဖြင့် အနားယူရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။

အင်္ဂလန်အသင်း အတွက် ၄၂ ပွဲ ကစားပြီး၂၂ ဂိုးသွင်းကာ ကစားသမားဘ၀တွင် ကလပ်ပေါင်း ၁၁ သင်း၌ကစားပြီး ပရီး မီးယားလိဂ်သွင်းဂိုး  ၁၀၀  ကျော်သွင်းနိုင်သည့်  ခရော့ခ်ျက ““ကြောက်စရာ  ဆုံးဖြတ်ချက်ပါ။  ကျွန်တော်  ကြံ့ခိုင်မှု ပြည့်ပြီး ကစားနိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီနေ့မှာ ပွဲကစားတော့ ၁၀ မိနစ် လောက်ပဲ အရန်အဖြစ် ကစားခွင့်ရတော့တဲ့ စိတ်ခံ စားချက်က ဆိုးလို့ အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ။ ကစားသမားဘ၀ နောက်ပြန် လှည့်ကြည့်မိတော့   အောင်မြင်ခဲ့ တာတွေ အတွက် ကြည်နူးမိတယ်”” ဟုပြောသည်။                  

Ref:BBC

Read 43 times Last modified on Monday, 15 July 2019 10:29