SJ WorldNews - шаблон joomla Авто

ဘီလီဒစ်ပ်ကို အနိုင်ယှဉ်ပြိုင်ပြီး အေမာခန်း ပက်ကွီအိုနှင့်ယှဉ်ပြိုင်ခွင့်ရရန်နီးစပ်လာ

Monday, 15 July 2019 10:29 font size decrease font size decrease font size increase font size increase font size

ဂျက်ဒါ၊ လက်ဝှေ့

ဗြိတိန်လက်ဝှေ့ကျော်အေမာခန်းသည် ဆော်ဒီနိုင်ငံ၌ ဇူလိုင် ၁၂ ရက်ညက ယှဉ်ပြိုင် သော လက်ဝှေ့ပွဲစဉ်တွင် သြစတြေး လျနိုင်ငံသား ဘီလီဒစ်ပ်ကို  စတုတအချီတွင်ပင်  အလဲထိုးပြီး  အနိုင်ရရှိခဲ့ခြင်းကြောင့်  ပက်ကွီအိုနှင့် ယှဉ်ပြိုင် ခွင့်ရရန် နီးစပ်လာပြီဖြစ်သည်။ အသက် ၃၂  နှစ်ရှိပြီဖြစ်သော  ကမာ့ လက်ဝှေ့ချန်ပီယံဟောင်း  အေမာခန်းသည်  ဒုတိယ အချီ တွင် ဘီလီဒစ်ပ်ကို ဘယ်ပင့်လက်သီးဖြင့်   ကြိုးဝိုင်း ပေါ်လဲကျစေရန် ယှဉ်ပြိုင်နိုင်ပြီး စတုတအချီ တွင် နောက်ထပ် တစ်ကြိမ် ဘီလီဒစ်ပ်၏ခန်္ဓာ ကိုယ်ကို  လက်သီးချက်များစွာ ပစ်သွင်းပြီး ကြိုးဝိုင်းပေါ်ထပ်မံလဲ ကျစေရန် ယှဉ်ပြိုင် နိုင်ခြင်း ကြောင့် ဘီလီဒစ်ပ်၏နည်းပြအဖွဲ့က ကြိုးဝိုင်းပေါ် ပ၀ါပစ်တင်ပြီး အရှုံးပေးခဲ့ခြင်းဖြစ်သည်။

အေမာခန်းအတွက် ယခုပွဲသည် ဧပြီလက  WBO  ၀ယ်လ်တာဝိတ်တန်းချန်ပီယံလုပွဲတွင် ပြိုင်ဘက် တာရန်စီကရော့ဖို့ဒ် ကို ရှုံးသည့်ပွဲပြီး နောက် ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင် သောပွဲလည်းဖြစ်သည်။ ကနဦးတွင် အေမာခန်း သည် အိနိ္ဒယလက်ဝှေ့ကျော် နာရက်ဂ်ျဂိုယတ် နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဂိုယတ်သည် ဇွန်လအတွင်းက ယာဉ်မတော်တဆဖြစ်ခဲ့ခြင်း ကြောင့် ဒဏ်ရာပြင်းထန်စွာရခဲ့သဖြင့် ဘီလီဒစ်ပ် နှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ အသက် ၃၃ နှစ် ရှိပြီဖြစ်သော  ဘီလီဒစ်ပ်သည် IBO စူပါ ဖယ်သာဝိတ်တန်းနှင့် IBF ဖယ်သာဝိတ်တန်း  ကမ်္ဘာ့ချန်ပီယံဟောင်းဖြစ်ပြီး     သြဂုတ်လက ဆစ်ဒနီမြို့၌ IBF စူပါဖယ်သာ ၀ိတ်တန်းပွဲတွင် ပြိုင်ဘက် တီဗင်ဖားမားကို တစ်မှတ်တည်းဖြင့် ကပ်ရှုံး ပြီးနောက်     လက်ဝှေ့သမားအဖြစ်မှ အနားယူပြီဟု ကြေညာခဲ့ပြီး  ယခုမှ  ပြန်လည် ယှဉ်ပြိုင်သူလည်းဖြစ်သည်။ 

Ref:Dailymail

Read 50 times Last modified on Monday, 15 July 2019 10:30