SJ WorldNews - шаблон joomla Авто

ကယ်လမ်ဝီလ်ဆင် ဘုန်းမောက်နှင့် လေးနှစ် စာချုပ် သက်တမ်းတိုး

Monday, 15 July 2019 10:30 font size decrease font size decrease font size increase font size increase font size

ဘုန်းမောက်၊ စာချုပ်သက်တမ်းတိုး

ဘုန်းမောက် အသင်းသည် အသက် ၂၇နှစ်ရှိ ပြီဖြစ်သော အသင်း တိုက်စစ်မှူး ကယ်လမ်ဝီလ် ဆင်ကို လေးနှစ်စာချုပ် သက်တမ်းတိုး ချုပ်ဆို နိုင်ခဲ့သည်။ အင်္ဂလန်လက်ရွေးစင် ၀ီလ်ဆင် သည် ပြီးခဲ့သည့်ရာသီက ဘုန်းမောက်အတွက်  ပွဲ  ၃၀  ကစား ပေးရာတွင် ၁၄ ဂိုးသွင်းနိုင်ပြီး ပရီးမီးယားလိဂ်ထိပ်တန်းအသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေခြင်းကြောင့်  ဘုန်းမောက်အသင်းက အသင်းတွင်  ၂၀၂၃ ခုနှစ် အထိ  ဆက်ရှိစေမည့်  လေးနှစ်စာချုပ်  သက်တမ်းတိုး ချုပ်ဆို လိုက်ခြင်း ဖြစ်သည်။

ဝီလ်ဆင်သည် ၂၀၁၈-၂၀၁၉ ရာသီတွင် ခြေစွမ်းပြနိုင်ခြင်းကြောင့် အင်္ဂလန် လက်ရွေးစင်အဖြစ် စတင် ရွေးချယ် ခံရ သူဖြစ်ပြီး နိုင်ငံအတွက် ပွဲဦးထွက်ဖြစ်သော  အမေရိကန်နှင့် ပွဲတွင်ပင်  ဂိုးစတင်သွင်းယူနိုင်ခဲ့သည်။  ၎င်းသည် ၂၀၁၄ ခုနှစ်တွင် ကိုဗင်ထရီ အသင်းမှ ဘုန်းမောက်သို့  ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘုန်းမောက်နှင့် ၁၄၈ ပွဲကစားရာတွင် ၅၈ ဂိုးအထိ သွင်းပေးနိုင်ခဲ့သည်။

Ref:BBC

............

Read 42 times Last modified on Monday, 15 July 2019 10:31