SJ WorldNews - шаблон joomla Авто

ဗန်းမောက်လူငယ် အသင်းနှင့် ထီးချိုင့်/ဝန်းသို လူငယ်အသင်းတို့ အကြိုဗိုလ်လုပွဲ တက်ရောက်

Monday, 22 July 2019 09:35 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်း ဒေသကြီးအဆင့်  MPT U-14 Football Tournament 2019 ဘောလုံးပြိုင်ပွဲ အပြီးတွင်  အုပ်စု(က)မှ  ဗန်းမောက်လူငယ် အသင်းနှင့် အုပ်စု(ခ)မှ ထီးချိုင့်/ဝန်းသို လူငယ်အသင်းတို့ အကြိုဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်နိုင်ကြောင်း သိရသည်။

ဗန်းမောက်လူငယ် အသင်းအနေဖြင့် အုပ်စု(က) တွင် တခြားအသင်းများနှင့် ရမှတ်တူဂိုးကွာခြားချက် အသာဖြင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခြင်းဖြစ်ပြီး ထီးချိုင့် ဝန်းသိုအသင်းက အုပ်စု(ခ) တွင် ရာနှုန်းပြည့် နိုင်ပွဲများရယူကာ အကြိုဗိုလ်လုပွဲကို တက်ရောက်လာခြင်းဖြစ်သည်။

အကြိုဗိုလ်လု ပွဲစဉ်များကို  ဇူလိုင် ၂၃ ရက်တွင်  ရွှေဘိုမြို့ရှိ   ရန်ကြီးအောင်အားကစားကွင်း၌   ကျင်းပမည်ဖြစ်ပြီး ဗန်းမောက်လူငယ် အသင်းနှင့် ထီးချိုင့်/ဝန်းသို လူငယ်အသင်း၊ ကောလင်းလူငယ်အသင်းနှင့် အုပ်စု(ဃ) မှ တက်ရောက် လာသည့် အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Read 26 times Last modified on Monday, 22 July 2019 09:36