SJ WorldNews - шаблон joomla Авто

မန်စီးတီး(ခ)အသင်းကိုပင် မန်ယူနှင့်ချယ်လ်ဆီး မမီဟု မော်ရင်ဟိုဆို လူငယ်များကို ဝေဖန်ခဲ့သည့်မော်ရင်ဟိုကို လမ်းပတ် တုံ့ပြန်

Tuesday, 13 August 2019 12:07 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ၊ ဘောလုံး

ချယ်လ်ဆီးနှင့် မန်ယူနည်းပြဟောင်း မော်ရင်ဟို သည် သြဂုတ် ၁၁ ရက်ညတွင်  မန်ယူအသင်းက ချယ်လ်ဆီးကို လေးဂိုးပြတ် အနိုင်ရသည့်ပွဲစဉ်အား စကိုင်းစပို့တ် ရုပ်သံမှ ပွဲသုံးသပ်သူ အဖြစ် တင်ဆက် ရာတွင် မိမိ၏ အသင်းဟောင်း များဖြစ်သော မန်ယူ နှင့် ချယ်လ်ဆီးအသင်းတို့၏ လက်ရှိခြေစွမ်းသည် မန်စီးတီး (ခ) အသင်းကိုပင် မမီနိုင်ဟု ဝေဖန်ခဲ့ပြီး ချယ်လ်ဆီးနည်းပြ လမ်းပတ်၏ ပွဲဦးထွက်၌ လူငယ် ကစားသမားများကို   ပွဲထုတ်ခဲ့ခြင်းနှင့်လည်း ပတ် သက်ပြီး ဝေဖန်ခဲ့သည်။

မန်ယူနှင့် ချယ်လ်ဆီးပွဲ မတိုင်မီ မော်ရင်ဟိုကို စကိုင်းစပို့တ် တင်ဆက်သူက  ရာသီကုန်ဆုံးချိန် မည်သည့်အသင်း    ချန်ပီယံဖြစ် နိုင်သနည်းဟု မေးမြန်းရာတွင် မော်ရင်ဟိုက မန်ယူနှင့် ချယ်လ်ဆီးကို ထည့်သွင်းခြင်း မရှိဘဲ အသင်း လေးသင်း ရွေးချယ်ခဲ့ သည်။ မော်ရင်ဟိုက ““လေးသင်းချန်ပီယံဖြစ်နိုင် တယ်။ မန်စီးတီး၊ စပါးနဲ့ လီဗာပူးပြီးရင် မန်စီးတီး (ခ) အသင်းလို့ ထင်တယ်။ အခုမန်စီးတီး အသင်းကြီးက မပါနိုင်သေးတဲ့ ကစားသမားတွေ (ခ)အသင်းမှာ ကစားရင် တောင် သူ့ကို ချန်ပီယံဖြစ်နိုင်တဲ့ အသင်း စာရင်း ထည့်စဉ်းစားရမယ်။ မန်ယူနှင့် ချယ်လ်ဆီး နှစ်သင်းထဲက  တစ်သင်း သင်းက ချန်ပီယံဖြစ်ဖို့ အတွက် ခံနိုင်ရည်ရှိတယ်လို့မထင်ဘူး။ အာဆင်နယ်ကိုလည်း မထင်ဘူး။ မနှစ်က သာဓကကို ပဲကြည့်ပေါ့။ စပါးကိုတော့ ထည့်စဉ်းစားရလိမ့်မယ်””ဟု ပြောသည်။

မော်ရင်ဟို၏ သုံးသပ်ချက်ကို  မန်ယူခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ်ကလည်း လက်ခံပြီး လက်ရှိ မန်ယူအသင်းသည်   ချန်ပီယံ ဖြစ်နိုင်သည့် အနေအထားမရှိဟု ထောက်ပြခဲ့သည်။ ““ကျွန်တော်က မန်ယူပရိသတ်ဖြစ်လို့ မန်ယူကိုဗိုလ်စွဲ စေချင်ပေမယ့် ဒီနှစ်မဖြစ်နိုင်ဘူး။ မိုယက်စ်ဝင်လာတော့ အရပ် ၅ ပေ ၈ လက်မရှိတဲ့ မာတာနဲ့ ၆ ပေ ၄ လက်မရှိတဲ့ ဖယ်လိုင်နီကို ခေါ်လာတယ်။  ပြီးတော့ သူတို့ကပဲ မိုယက်စ်ကို ထုတ်လိုက်တယ်။ ဗန်ဟားဝငလာတော့ နည်းစနစ်ပိုင်း ကောင်းတဲ့  ကစားသမားတွေနဲ့ သူ့ စတိုင်ကို ဖော်ဆောင်နိုင်အောင်ကြံတယ်။ ပြီးတော့ သူတို့ကပဲ ထုတ်ပစ်လိုက်တယ်။ မော်ရင်ဟိုလာတော့ ဘိုင်လေနဲ့ မိုဗစ်ခ်ျတို့လို ကာယပိုင်းအထူးကောင်းတဲ့ သူတွေခေါ်လာတယ်။ မော်ရင်ဟိုစာချုပ် သက်တမ်း တိုးခံရတယ်။ ပြီးတော့ထုတ်ခံရတာပဲ။ ဆိုးလ်ရှားက တော့ ဗြိတိန်ကစားသမားတွေနဲ့ ၀င်လာတယ်။ ဗျူဟာလေးမျိုး ပြောင်းတယ်။ တစ်ချိန်လုံးပြောင်းလဲ နေတာက မန်ယူဖြစ်နေလို့ ချန်ပီယံ ဖြစ်နိုင်တဲ့ တည် ငြိမ်မှု မရှိတာပါ”” ဟု ပြောသည်။

မော်ရင်ဟိုသည် လမ်းပတ်၏ ပွဲထွက်စာရင်းတွင် မားကို့စ် အလွန်ဆို၊ ကန်တီနှင့် ဂီရော့ဒ်တို့ အရန်ခုံ တွင်ထားခံရပြီး လူငယ် လေးများဖြစ်သော မေဆင်မောင့်၊ တမ်မီအဘရာဟမ်နှင့် ခရစတီယန် ဆန်တို့ ကို ပွဲထွက်စေခြင်းအတွက် အတွေ့အကြုံများစွာ လိုနေသူများဖြစ်သည်ဟု ဝေဖန်ခဲ့သည်။ သို့သော်  လမ်းပတ်က ““မေဆင်မောင့်ရဲ့ စွမ်းဆောင် ရည်ကို မော်ရင်ဟိုက မကြိုက်ဘူး။ သူက မေဆင်မောင့် အပြင် တခြားလူငယ်တွေကိုလည်း  ဝေဖန်တယ်။ သူက   ပွဲသုံးသပ်သူ ဖြစ်သွားလို့   ပြောသမျှတိုင်း စိတ်လိုက်ပူနေဖို့မလိုပါဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပဲ”” ဟု တုံ့ပြန်ခဲ့ သည်။            

Ref:Dailymail

Read 36 times Last modified on Tuesday, 13 August 2019 12:08