SJ WorldNews - шаблон joomla Авто

မိမိ အနာဂတ်ကို အချိန်က ဆုံးဖြတ်သွားမည်ဟု ကွင်းလယ် ကစားသမား ပေါ့ဂ်ဘာပြော

Tuesday, 13 August 2019 12:09 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်း ချယ်လ်ဆီးကိုလေးဂိုးပြတ်အနိုင်ရသော ပွဲစဉ်တွင် ရက်ရှ်ဖို့ဒ် သွင်းယူသည့် ဂိုးကို ကောင်းမွန်သော  အဝေးပေးပို့မှုဖြင့် ဖန်တီးပေးနိုင်သော ကွင်းလယ်ကစား သမား ပေါ့ဂ်ဘာသည် မိမိအနာဂတ် မန်ယူတွင် မသေချာ သေးကြောင်း ပြောကြားသည်။  ပေါ့ဂ်ဘာကို ရီးယဲလ် အသင်းက ယခုနွေရာသီ ဈေးကွက်တွင် ခေါ်ယူရန်ကြိုးစား သော်လည်း မန်ယူတောင်း ဆိုသည့် ပေါင်သန်း ၁၈၀ ကို  ရီးယဲလ်ဘက်က မပေးနိုင်ဘဲ အေဂျက် ကွင်းလယ်ကစား သမား ဗန်ဒီဘိခ်ကို ခေါ်ယူရန် ကြိုးစားနေသည်။

သို့သော်လည်း ပေါ့ဂ်ဘာက မန်ယူတွင် ဆက်နေမည်ဟု အာမခံချက် မပေးဘဲ ပြင်သစ် MRC ရေဒီယို နှင့်အင်တာဗျူး တွင် ယခုလို ပြောကြားသည်။

““ဘောလုံး ကစားနေရတဲ့ အချိန်ဆိုရင်  ကျွန်တော့် ခံစားချက်က အမြဲကောင်းမွန်ပါတယ်။ ကိုယ်ကြိုက်တာ ကိုယ် လုပ်တယ်။  ကွင်းထဲမှာ ကစားနေပြီဆိုရင် အမြဲတမ်း ရှိသမျှ   အစွမ်းကုန် ပေးဆပ်ပြီး ကစားတယ်။   အခု လူတွေ ပြောဆို နေကြတာ ကြားပါတယ်။  အချိန်ကပဲ ဆုံးဖြတ်သွားမှာပါ။ အမြဲတမ်း မေးခွန်းဆိုတာတော့ရှိနေ မှာပါ။ ကျွန်တော် အခု မန်ချက် စတာမှာ အသင်းဖော်  တွေနဲ့ ပျော်နေတယ်။ ကွင်းထဲရောက်ရင် ပွဲတိုင်းနိုင်ချင်တယ်။ အကောင်းဆုံး တွေကို အမြဲပေး ဆပ်ချင်တယ်””ဟု ဖြေကြားသည်။

အင်္ဂလန်တွင် အပြောင်းအရွှေ့ ဈေးကွက်သည် သြဂုတ် ၈ ရက်ကတည်းက ပိတ်သိမ်း ခဲ့သော်လည်း စပိန်တွင်  နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်သည် စက်တင်ဘာ ၂ ရက်မှ ပိတ်သိမ်းမည်ဖြစ်သည်။            

Ref:Dailymail

 

 

Read 26 times Last modified on Tuesday, 13 August 2019 12:10