SJ WorldNews - шаблон joomla Авто

ဟွန်ဒူးရပ်စ် ပြည်တွင်း ဒါဘီပွဲ အဓိကရုဏ်း ဖြစ်ရာမှ သုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ

Tuesday, 20 August 2019 09:36 font size decrease font size decrease font size increase font size increase font size

တီဂူစီဂယ်လ်ပါ  သြဂုတ်  ၁၉

ဟွန်ဒူးရပ်စ် ပြည်တွင်းလိဂ်မှ တီဂူစီဂယ်လ်ပါ  ဒါဘီပွဲအဖြစ် မိုတဂွါအသင်းနှင့်  အိုလင်ပီယာအသင်းတို့ သြဂုတ် ၁၈ ရက်က ပွဲစဉ်မကစားမီ ပရိသတ်များ  အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် သုံးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ဟွန်ဒူးရပ်စ် ဘောလုံးလောကတွင် အအောင်မြင်ဆုံး  နှစ်သင်း၏ ဟွန်ဒူးရပ်စ်ဒါဘီ ပွဲမတိုင်မီ အကြမ်းဖက် တိုက်ခိုက်မှုများ ကွင်းအပြင် ဘက်၌ ဖြစ်ပွားခဲ့ပြီး ကွင်းအတွင်း၌လည်း မြက်ခင်းပြင်အထိ နှစ်ဖက် ပရိသတ်များ ဆင်းကာ တိုက်ခိုက် ကြသဖြင့်  သေဆုံးသည် အထိ ဆိုးရွားခဲ့သည်။

မိုတဂွါ အသင်းသားများ  စီးနင်း လိုက်ပါလာသော  ဘတ်စကားကိုလည်း   တစ်ဖက် ပရိသတ်များက  အကြမ်းဖက် တိုက်ခိုက် ကြသဖြင့် အဆိုပါအသင်းမှ ဆဲလ်တစ် ကစားသမားဟောင်း  အီမီလီယို အစ်ဇက်  ဂွိုင်ရီသည် မှန်ကွဲစများ မျက်စိ အတွင်း ၀င်ခဲ့၍ ဆေးရုံသို့ ပို့ဆောင်လိုက် ရသည်။  ဟွန်ဒူးရပ်စ်နိုင်ငံ၌  အိုလင်ပီယာ အသင်းသည် အအောင် မြင်ဆုံး ဖြစ်ပြီး မိုတဂွါမှာ ဒုတိယ အအောင်မြင်ဆုံး အသင်းဖြစ်သည်။                                                  

Ref:Dailymail

 

Read 20 times Last modified on Tuesday, 20 August 2019 09:50