SJ WorldNews - шаблон joomla Авто

အင်တာမီလန်အတွက် ခြေစမ်းပွဲတွင် လူကာကူဂိုးသွင်း

Tuesday, 20 August 2019 09:50 font size decrease font size decrease font size increase font size increase font size

မီလန်၊ ဘောလုံး

အင်တာမီလန် အသင်းသည်   သြဂုတ် ၁၈ရက်ညက  ရာသီကြို ခြေစမ်းပွဲအဖြစ်   စီးရီးစီ အသင်း ဂေါ့ဇာနိုနှင့် ကစားရာတွင်  နှစ်ဂိုး ပြတ် အနိုင်ရရှိပြီး မန်ယူမှ ပေါင် ၇၃ သန်း ဖြင့်ခေါ်ယူခဲ့သော တိုက်စစ်မှူး လူကာကူ သည်  တစ်ဂိုး သွင်း ယူပေးနိုင်ခဲ့သည်။  ယခုပွဲ မတိုင်မီ  ကစားခဲ့သည့် ခြေစမ်းပွဲတွင်လည်း  လူကာကူသည်  လေးဂိုးသွင်း ယူနိုင်သဖြင့် အင်တာ မီလန်သို့ရောက်ပြီး  ခြေစမ်းပွဲနှစ်ပွဲတွင်  ငါးဂိုးအထိ သွင်းယူပေးနိုင်ပြီးဖြစ်သည်။

လူကာကူသည် လက်ရှိတွင် ကိုယ်အလေးချိန် ၁၀၄ ကီလိုဂရမ်အထိရှိ နေပြီး အ၀လွန်နေသည်ဟု ဝေဖန်မှုများ ရှိနေသောကြောင့် သွင်းဂိုးများသွင်း ကာ ၎င်းင်း၏ အရည်အချင်းကို သက်သေပြနေခြင်းဖြစ်သည်။                         

Ref:Dailymail

Read 21 times Last modified on Tuesday, 20 August 2019 09:51