SJ WorldNews - шаблон joomla Авто

တောမီးလောင်နေသည့်ကြားမှ ပွဲကစားရ၍ လက်စ်ပါးမက်စ် စိတ်ပျက်

Tuesday, 20 August 2019 09:51 font size decrease font size decrease font size increase font size increase font size

မီလန်၊ ဘောလုံး

စပိန်ဒုတိယတန်း စီဂန်ဒါမှ လက်စ်ပါးမက်စ်နှင့်ဟူစကာ တို့ပွဲစဉ်ကို သြဂုတ် ၁၈ ရက်ညက  ယှဉ်ပြိုင်ကစားရာ အိမ်ရှင် လက်စ်ပါး မက်စ်အသင်းက  မိမိတို့အခြေစိုက်ရာ ဂရန်ကနေ ရီယာကျွန်းပေါ်၌   တောမီးပြင်းထန်စွာ လောင်နေသော ကြောင့်   ရွှေ့ဆိုင်းပေးရန်  တောင်းဆိုခြင်းကို လာလီဂါ အဖွဲ့ချုပ်က ပယ်ချခဲ့သဖြင့်  လက်စ်ပါးမက်စ် အသင်းတာဝန်ရှိ သူတစ်ဦးက  စိတ်ပျက် စကားဆိုခဲ့သည်။  ကနေရီယာကျွန်း၌ တောမီးသည် နေ့ရောညပါ ပြင်းထန်စွာ လောင်မြိုက်နေသော ကြောင့်  နေရပ်စွန့်ခွာ ထွက်ပြေးသူပေါင်း ၂၀၀၀ ကျော်ရှိ နေပြီဖြစ်ပြီး  ထိုအတွက်  ပွဲရွှေ့ပေးရန် လက်စ်ပါး မက်စ် အသင်းက တောင်းဆိုခဲ့မှုကို လာလီဂါမှပယ်ချပြီး ကစားစေခဲ့ ရာ ဟူစကာအသင်းက ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။

လက်စ်ပါးမက်စ် ဥကဋ္ဌ မီဂွယ်ရာ မီရက်ဇ်က ““ကျွန်တော်တို့ ဒေသက အမွေအနှစ်တွေ မီးလောင်ပျက်စီးနေတယ်။ ဒေသခံတွ ရှောင်ပြေးရတယ်။ သူတို့ကို လေးစားသမှုနဲ့ ဒီပွဲရွှေ့ပေး ဖို့တောင်းဆိုခဲ့တာပါ”” ဟု ပြောသည်။            

Ref:AS

Read 21 times Last modified on Tuesday, 20 August 2019 09:52