SJ WorldNews - шаблон joomla Авто

ဒိုင်ဘာလာကို ပေါင် ၇၃ သန်းဖြင့်ရောင်းချရန် ဂျူဗင်တပ်စ် ဆွေးနွေး

Tuesday, 20 August 2019 09:52 font size decrease font size decrease font size increase font size increase font size

ပဲရစ်၊ ကစားသမားအပြောင်းအရွှေ့

မကြာမီ ဒိုင်ဘာလာကို ပီအက်စ်ဂျီအသင်း စာချုပ်ချုပ်ဆိုနိုင်ရန် နီးစပ်နေ ပြင်သစ်လီဂူးဝမ်းအင်အားကြီး အသင်းဖြစ်သည့် ပီအက်စ်ဂျီအသင်းသည်   ဂျူဗင်တပ်စ် အသင်းမှ  အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူ

နိုင်ရန် ဂျူဗင်တပ်စ် အသင်းနှင့် ဆွေးနွေးပြောဆို နေပြီဖြစ်ကြောင်းနှင့်  ထိုအပြောင်းအရွှေ့တွင် ဒိုင်ဘာလာအတွက် တန်ကြေးမှာ ပေါင် ၇၃ သန်း ဖြစ်ပြီး မကြာမီ စာချုပ်ချုပ်ဆိုရန်  နီးစပ်နေပြီဖြစ် ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်း နည်းပြသစ်ဖြစ်လာသော ဆာရီသည် ဒိုင်ဘာလာကို အနာဂတ်စီမံကိန်းတွင် ထည့်သွင်းခြင်း မရှိတော့၍ စက်တင်ဘာ ၂ ရက် ဈေးကွက်မပိတ်မီ  အသင်းမှထွက်ခွာရန် သေချာ နေသည်။

လက်ရှိတွင် ပီအက်စ်ဂျီအသင်း ဒါရိုက်တာ လီယိုနာဒိုနှင့် ဒိုင်ဘာလာ၏အေးဂျင့်ဂျော့ခ်ျအန် တန်တို့သည် ပြောင်းရွှေ့ ကြေး ပေါင် ၇၃သန်းဖြင့်  ပြောင်းရွှေ့နိုင်ရေးအတွက် ဆွေးနွေးနေပြီး ပီအက်စ် ဂျီအသင်းသည် ယခုတစ်ပတ်အတွင်း ဒိုင်ဘာလာ ကို အမြန်ဆုံးခေါ်ယူလိုနေကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းသည် လက်ရှိတွင် နေမာ အသင်းမှ ထွက်ခွာရန်   ကြိုးစားနေမှုကြောင့် အခက်ကြုံနေရပြီး  သြဂုတ်  ၁၈  ရက်ညကရင်းနက်စ်နှင့်ပွဲတွင်  နေမာမပါဝင်ဘဲကစားခဲ့ရာ ရှုံးနိမ့်သည့်အတွက်  ဒိုင်ဘာလာကို   ခေါ်ယူ အားဖြည့် လိုခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်း တာဝန်ရှိသူတစ်ဦးဖြစ် သော ပါရာတီစီသည်လည်း အသင်း၌ ၀န်ပိုဖြစ် နေသည့် ဒိုင်ဘာလာကို ရောင်းထုတ်ပြီး အင်တာ မီလန်အသင်းမှထွက်ခွာရန်  သေချာနေသည့် အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီကို ပြန်လည် အားဖြည့် ခေါ်ယူရန်     စီစဉ်နေသည့်အတွက် ပီအက်စ်ဂျီဘက်က ကမ်းလှမ်းသည့် ပြောင်းရွှေ့ ကြေး ပေါင် ၇၃ သန်းကို လက်ခံရန် အသင့်ဖြစ်နေ ကြောင်းနှင့် အီကာဒီပြောင်းရွှေ့ရောက်ရှိလာပါ က ဒိုင်ဘာလာ၏ ကျောနံပါတ် (၉) ကို ၀တ်ဆင် ကစားစေရန်လည်း ပြင်ဆင်ထားပြီးဖြစ်သည်။

စပါးအသင်း ကလည်း ဒိုင်ဘာလာကို  ပရီးမီး ယားလိဂ်ဈေးကွက်မပိတ်မီ ပေါင် ၆၉ သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး လစာ တောင်းဆိုမှု များလွန်းသည့် အပြင် ပြောင်းရွှေ့ကြေးတွင်  အေးဂျင့်ခအဖြစ်  ပေါင် ၁၅ သန်းနှင့် တခြားတတိယကြား ခံအသင်း တစ်သင်းသို့ ငွေကြေးတစ်စိတ်တစ်ပိုင်းပေးရမည် ဖြစ်၍  အဆိုပါအပြောင်းအရွှေ့မှာ  ပျက်ပြယ် ခဲ့ရသည်။                          Ref:Dailymail

Read 27 times Last modified on Tuesday, 20 August 2019 09:52