SJ WorldNews - шаблон joomla Авто

ရည်မှန်းချက် ကြီးမားခြင်းကြောင့် တရုတ်စူပါလိဂ်သို့မသွားဘဲ အာဆင်နယ်သို့ ပြောင်းရွှေ့ခြင်းဖြစ်ဟု ဒေးဗစ်လုဇ် ရှင်းလင်း

Tuesday, 20 August 2019 09:52 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ကစားသမား အပြောင်းအရွှေ့

ချယ်လ်ဆီး အသင်းမှ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင် နယ်သို့ ပေါင် ၈ သန်းဖြင့် အံ့အားသင့်ဖွယ် ပြောင်းရွှေ့ ခဲ့သည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဘရာဇီးခံစစ်မှူး ဒေးဗစ်လုဇ်က ပထမအကြိမ် ရှင်းလင်းပြောကြားခဲ့ သည်။ ဒေးဗစ် လုဇ်သည် ပြီးခဲ့သည့် ပရီးမီးယားလိဂ် နွေဈေးကွက်မပိတ်မီ တစ်ရက်အလိုတွင် အာဆင်နယ် သို့ နှစ်နှစ်စာချုပ်ဖြင့် အံ့အား သင့်ဖွယ် ပြောင်းရွှေ့ခဲ့ကာ ဘန်လေကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရသော  ပရီးမီးယား လိဂ်ပွဲတွင် စတင်ပွဲထွက် ကစားခဲ့သည်။

မြို့ခံပြိုင်ဘက် အာဆင်နယ်ထံ ပြောင်းရွှေ့လာရ ခြင်းနှင့်ပတ်သက်၍ ဒေးဗစ်လုဇ်က ““ကျွန်တော်က ရည်မှန်းချက် အင်မတန် ကြီးမားသူပါ။ ဒါကြောင့်လည်း အာဆင်နယ်ကိုပြောင်းဖို့ ရွေးချယ်ခဲ့တယ်။ ချယ်လ်ဆီး နည်းပြ လမ်းပတ်နဲ့ ကျွန်တော်   ရိုးသား ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ပိုက်ဆံတွေအများကြီး ရနိုင်တဲ့လမ်းကို ရွေးနိုင်ပေမယ့် ဘ၀မှာ စိန်ခေါ်မှု အသစ်ကို ထပ်ရင်ဆိုင်လိုတာကြောင့်  အသင်းကြီးတစ်သင်းဖြစ် တဲ့ အာဆင်နယ်ကို ရွေးချယ်ခဲ့တာပါ။ ချယ်လ်ဆီးမှာ ကျွန်တော်  ပျော်ရွှင်တယ်ဆိုတာ  အားလုံးသိပါတယ်။ အဲဒီမှာ ဆုဖလားတွေလည်း အများကြီးရခဲ့ပြီး ဖြစ်တယ်။ လမ်းပတ်နဲ့ ရိုးသားစွာ ပြောဆိုအပြီး သူ့ရဲ့ ရာသီသစ်စီမံ ကိန်းကို ပြောပြတယ်။ ဒါကြောင့် အကောင်းဆုံးနည်း လမ်းက ချယ်လ်ဆီး အသင်းကိုလည်း လေးစားမှုရှိပြီး တခြားအသင်းသစ်မှာ  စိန်ခေါ်မှုအသစ်ရင်ဆိုင်တာ အကောင်းဆုံး ဖြစ်လို့  အာဆင်နယ်ကို ပြောင်းလာခဲ့ တာပါ။  အာဆင်နယ်မှာလည်း  အစွမ်းကုန်ကြိုးစားမှာပါ”” ဟု ပြောသည်။               

Ref:Dailymail

Read 25 times Last modified on Tuesday, 20 August 2019 09:54