SJ WorldNews - шаблон joomla Авто

ဇက်ပါကော်စတာ ရိုးမားသို့ အငှားသွားကစားမည်

Thursday, 22 August 2019 10:14 font size decrease font size decrease font size increase font size increase font size

ရောမ၊ ဘောလုံး

ချယ်လ်ဆီးအသင်းမှ အီတလီခံစစ်မှူး ဇက်ပါကော်စတာသည် ရိုးမားအသင်းသို့  အငှားဖြင့် သွားရောက်ကစားရန် သဘော တူညီခဲ့ပြီး သြဂုတ် ၂၁ ရက်က ရောမမြို့ သို့ ဆေးစစ်မှုခံယူရန် ရောက်ရှိခဲ့သည်။

ချယ်လ်ဆီးနည်းပြ လမ်းပတ်သည် ခံစစ် တွင် ဇက်ပါကော်စတာထက်  လူငယ်ကစားသမားဖြစ်သော    ရီစီဂျိမ်းစ်ကို ဦးစားပေး အသုံးပြုရန် ဆုံးဖြတ်ခဲ့သည့် အတွက်  ဇက်ပါကော်စတာသည် ရိုးမားအသင်းသို့   အငှားဖြင့် သွားရောက် ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဇက်ပါကော် စတာသည် ရိုးမားနှင့် ဆေးစစ်မှုအောင် မြင်ပါက ၂၀၂၀  ပြည့်နှစ် ဇွန်လ အထိ သက်တမ်းရှိမည့်    အငှားစာချုပ်ချုပ်ဆို ရန်    သဘောတူညီမှုရယူပြီးလည်းဖြစ်သည်။

““ကျွန်တော်  အီတလီကို  ပြန်လာရပြီ ဖြစ်လို့ ပျော်ပါတယ်။ ရောမမြို့နဲ့ ရိုးမားအသင်းက ကျွန်တော့်ရဲ့ အိမ်လိုပါပဲ။  လူငယ် ကစားသမားတွေ များတဲ့ ရိုးမားကို  လာကစားခွင့်ရလို့ စိတ်လှုပ်ရှားရပါတယ်””ဟု ဇက်ပါကော်စတာက ပြောသည်။

Ref:Dailymail

Read 16 times Last modified on Thursday, 22 August 2019 10:15