SJ WorldNews - шаблон joomla Авто

ကစားသမား အင်အားအပြည့်နဲ့ ဘိုင်ယန်အသင်း ချန်ပီယံလိဂ်မှာ အောင်မြင်နိုင်မလား

Thursday, 22 August 2019 10:15 font size decrease font size decrease font size increase font size increase font size

ဘိုင်ယန်မြူးနစ်၏ ရာသီသစ်အတွက် ကြိုတင်ရင်ခုန်ကြည့်ခြင်း

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ   ဘိုင်ယန်အသင်းကဆယ်စုနှစ်အတွင်း အဓိကပြိုင်ဘက်အဖြစ် ယှဉ်ပြိုင် ရတဲ့ဒေါ့မွန်ကို     အသည်းအသန်   နောက်ကလိုက် ကစားပြီး   ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို  ရယူနိုင်ပါတယ်။ ၂၀၁၈  ခုနှစ်  နိုဝင်ဘာလ အထိ  ဒေါ့မွန်က  ဘိုင်ယန်ကို     ကိုးမှတ်ဖြတ်ပြီး    ဦးဆောင်နိုင်ခဲ့ပေမယ့်  နောက်ပိုင်းပွဲတွေမှာ ခြေချော်တာတွေများ

သွားလို့ ရာသီသိမ်း ချိန်မှာတော့ ဘိုင်ယန်က နှစ်မှတ် အသာနဲ့  ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ခက်ခက်ခဲခဲ ဆွတ်ခူးနိုင်ခဲ့ တာဖြစ် ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော် ကာလအတွင်း  ဘိုင်ယန်အသင်းအတွက်  အဓိက ကစားသမားတွေအဖြစ် ခြေစွမ်း ပြပြီး ချန်ပီယံဆုတွေ အကြိမ်ကြိမ်ရယူပေးခဲ့တဲ့  ရော်ဘင်နဲ့   ရီဘာရီတို့   အသင်းကနေ ထွက်ခွာသွားကြတဲ့ အတွက် ဘိုင်ယန်က အသင်းသစ်အဖြစ်  သွေးသစ်လောင်းပြီး  အနာဂတ် အတွက်ပါ  ပြန်လည်တည်ဆောက်ခဲ့လို့ ရာသီသစ်မှာ    ဘိုင်ယန် အသင်းအလားအလာက    စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ရာသီကြိုဂျာမန် စူပါဖလားပွဲအဖြစ် ဒေါ့မွန်နဲ့ ကစား တော့လည်း  ဘိုင်ယန်က  ရှုံးနိမ့်တဲ့အတွက်  ရာသီ သစ်မှာ ပေါ့ ဆလို့ မရဘဲ အသင်းကို အတောင့်တင်းဆုံး ဖြစ်အောင် ပြန်လည်တည်ဆောက်နေပါတယ်။ အခု အပြောင်း အရွှေ့ ဈေးကွက်က စက်တင်ဘာ ၂ ရက်မှာ ပိတ်သိမ်းမှာဖြစ်ပေမယ့် ဘိုင်ယန်က သြဂုတ် ၁၉ ရက်မှာပဲ ဘာစီလိုနာအသင်းက ဘရာဇီး ကွင်းလယ် ကစားသမား ကော်တင်ဟိုကို ကနဦးတစ်ရာသီအငှား နဲ့ခေါ်ယူလိုက်ပါတယ်။ ကော်တင်ဟိုက ဘာစီလိုနာ နည်းပြ ဗယ်လ်ဗာဒီရဲ့ စီမံကိန်းမှာ မပါဝင်နိုင်တော့တာ ကြောင့် အသင်းပြောင်းဖို့ စီစဉ်ရာမှာ ဘိုင်ယန်က လက်ရှိ ဘာစီလိုနာမှာ   ကော်တင်ဟိုရနေတဲ့  တစ်နှစ်လစာအပြင် အငှားကြေးအဖြစ် ဘာစီလိုနာကို ပေါင်ရှစ်သန်း ပေးပြီး စုစုပေါင်းကုန်ကျစရိတ် ပေါင် ၁၉ သန်းအထိသုံးပြီး ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ဒါ့ပြင် ရာသီကုန်ရင် ကော်တင် ဟိုကို ပေါင်သန်း ၁၁၀ ပေးပြီး အပြီးသတ်ခေါ်ယူစာချုပ်ချုပ်ဆိုဖို့အတွက်ပါ သဘော တူညီမှုရယူခဲ့ပါတယ်။

ကော်တင်ဟိုအတွက် ဘိုင်ယန်အသင်းက ရွေးချယ်ချင်စရာ အကောင်းဆုံးအသင်းဖြစ်ပြီး ဘိုင်ယန်အတွက်လည်း  ကော်တင်ဟိုက  အရေးပါတဲ့ ကစား သမားဖြစ်နေတာကြောင့် ဒီသဘောတူညီမှုက နှစ်သင်းစလုံးအတွက်       အဆင် ပြေ ခဲ့ပါတယ်။ ဘိုင်ယန်အသင်းက  ဘွန်ဒက်စ်လီဂါမှာ  ဒေါ့မွန် တစ်သင်းကိုသာ ပြိုင်ဆိုင်နေရတယ်ဆိုပေမယ့် ချန်ပီယံ  လိဂ်မှာ အောင်မြင်မှုနဲ့ နှစ်အတော်ကြာ အလှမ်းဝေး သွားတဲ့အတွက်လည်း ငွေကြေးများစွာသုံးပြီး အနာဂတ် အတွက် အကောင်းဆုံးဖြစ်မယ့် ကစားသမားတွေကို ခေါ်ယူနေတာဖြစ်ပါတယ်။ မန်စီးတီး တိုက်စစ်မှူး လီရွိုင်း ဆာနေးကို ဘိုင်ယန်က ပေါင် ၁၃၅ သန်းအထိ ပေးခေါ်ဖို့အသင့်ဖြစ်နေပြီးမှ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတဲ့အတွက် ဒီနွေရာသီမှာ ခေါ်ယူဖို့ လက်လျှော့ လိုက်တာဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါမှာ အသက် အငယ်ဆုံးနဲ့ အကောင်း ဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ ဟော့ဖန်ဟိမ်းအသင်းနည်းပြ နီဂယ်စ်မန်းကို ခေါ်ယူပြီး   အကောင်းဆုံးစီမံကိန်း၊   အပြည့်စုံဆုံးငွေကြေးပံ့ပိုးမှုနဲ့ မဝေးတော့တဲ့ကာလမှာ ဂျာမန်ဘောလုံးလောကရဲ့ ချန်ပီယံဖြစ်ဖို့ ရည်မှန်း ပြင်ဆင်နေတဲ့ လိုက်ပဇစ်အသင်းကိုလည်း   လျှော့ တွက်လို့မရနိုင်တာကြောင့်  ဘိုင်ယန် အသင်းအစွမ်းကုန်ပြင်ဆင်နေတာဖြစ်ပါတယ်။  ဒါတောင်  ဘိုင်ယန် က  သောကြာနေ့က ဘွန်ဒက်စ်လီဂါရာ သီအဖွင့် ပွဲမှာ   ဟာသာဘာလင်ကို  အိမ်ကွင်းမှာ နှစ်ဂိုးစီသာ သရေကစားနိုင်ခဲ့လို့လည်း ပူပန်စရာတွေရှိနေတဲ့အတွက် ကော်တင်ဟိုကို အရခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

ပြင်ဆင်မှုဒီလောက်ကောင်း နေတာကြောင့် ပြီးခဲ့တဲ့ နှစ်က ချန်ပီယံဖြစ်ခဲ့ပေမယ့် အောင်မြင်တယ်လို့ပြော လို့မရတဲ့ ရာသီမှာ နည်းပြကိုဗက်အတွက်လည်း ဖိအား များစွာ ရှိလာစေပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘိုင်ယန် ချန် ပီယံလိဂ်မှာ ၁၆ သင်းအဆင့်ကပဲ ထွက်ခဲ့ရတဲ့အတွက် ဒီနှစ်မှာတော့ အနည်းဆုံး ဆီမီးဖိုင်နယ် အဆင့် တက် လှမ်းနိုင်မှ  ကိုဗက်အတွက်  ဖိအားအနည်းငယ်သက် သာနိုင်မှာပါ။ ပြည်တွင်းမှာတော့ ဘိုင်ယန်က ခုနစ် နှစ်ဆက်တိုက် ဘွန်ဒက်စ်လီဂါဖလား ရခဲ့ပြီး ပြည်တွင်း ဖလားနှစ်လုံးကို ဆက်တိုက် ရထားနိုင်ခဲ့တာလည်း ၂၀၁၆ ခုနှစ်ကတည်းကဖြစ်လို့ ပြည်တွင်းမှာတော့ ဘိုင်ယန်အတွက် အောင်မြင်မှုရဖို့ ဆိုတာ မခက်ခဲနိုင် ပါဘူး။  ဒါပေမဲ့  ခြေချော်ခဲ့ရင်လည်း  ခွင့်လွှတ်လို့ မရနိုင်တာ ကြောင့် ပိုပြီး ဖိအားကြီးစေမှာပါ။

ဘိုင်ယန်က ဒီနွေရာသီ ဈေးကွက်မှာ က္ဘာ့ဖလား ချန်ပီယံပြင်သစ် အသင်းက လူးကပ်စ်ဟာနန်ဒက်ဇ်ကို အက်သ လက်တီကို အသင်းကနေ ယူရိုသန်း ၈၀ ပေးပြီးခေါ်ခဲ့တယ်။   ခံစစ်မှာ  အကောင်းဆုံးအား ဖြည့်နိုင်ဖို့ နောက်ထပ် ပြင်သစ် လက်ရွေးစင်  တောင်ပံခံစစ်မှူး ဘန်ဂျမင်ပါဗတ် ကိုလည်း စတုဂတ် အသင်းကနေ ယူရို ၃၅ သန်းနဲ့ ခေါ်ယူ ခဲ့တယ်။ အသင်း  ရဲ့အဓိက ခံစစ်မှူး ဟမ်မဲလ်ကတော့ အသင်းဟောင်း  ဒေါ့မွန်ကိုပြန်ပြောင်းသွားပါပြီ။  ဒါပေမဲ့   ဘိုင်ယန်  ခံစစ်ကြောင်းက ခံစစ်ကစားသမား နှစ်ဦးကို အားဖြည့် လိုက်တာကြောင့် ပြီးခဲ့တဲ့နှစ်က ခံစစ်ထက် အများကြီး အင်အား တောင့်တင်းသွားမှာပါ။

တိုက်စစ်အတွက် လီဝန် ဒေါစကီးကိုသာ အားကိုး နေရတဲ့   ဘိုင်ယန်က    တိုက်စစ်အားဖြည့်ဖို့လည်း  အစွမ်းကုန် ကြိုးစား နေပါတယ်။ မန်စီးတီးက ဆာနေး ဒဏ်ရာရသွားလို့ လာမယ့်ဇန်န၀ါရီလမတိုင်မီ ခေါ်ယူ ဖို့မဖြစ်နိုင်တော့ တဲ့အဆုံး  ကော်တင်ဟိုကို  ခေါ်ယူ လိုက်တာက  ဘိုင်ယန်အတွက်  ပိုလို့တောင်ကောင်း မွန်သွားစေမှာပါ။  ဘိုင်ယန်က  တောင်ပံတိုက်စစ် အတွက် အင်တာမီလန်အသင်းက အသက် ၃၀ အရွယ် ခရိုအေးရှားတောင်ပံတိုက်စစ်ကစားသမား ပါရီဆစ် ကိုလည်း   ကနဦးတစ်ရာသီအငှားနဲ့  ခေါ်ယူခဲ့တာ ကြောင့် တိုက်စစ်ကလည်း ပြီးခဲ့တဲ့ နှစ်ကထက် အများ ကြီး   ကောင်းမွန်သွားမှာပါ။   ဘိုင်ယန်တိုက်စစ်မှာ ကင်စလေကိုးလ်မန်း၊ ဂနာဘရီ၊ ဘာ့ဂ်ျဝင့်နဲ့ တီမို ၀ါနာတို့ကလည်း တိုက်စစ်မှူးတွေအဖြစ် ကစားနိုင် သူတွေဖြစ်လို့ သူတို့တိုက်စစ်အင်အားစုက ထိပ်တန်း အဆင့်လို့  သတ်မှတ်နိုင် ပါတယ်။  စွယ်စုံရနောက်ခံ ကစားသမား ရာဖင်ဟာကိုတော့ ဒီရာသီမှာ  နေရာ မပေးတော့ဘဲ စပိန် ယူ-၂၁ လက်ရွေးစင်ကွင်းလယ် ခံစစ်ကစားသမား   မာ့စ်ရိုကာကို  ပိုမိုနေရာပေးမယ့် အနေအထားလည်းရှိပါတယ်။ ဒီကစားသမားအင်အား နဲ့ဆိုရင် နည်းပြကိုဗက်က တိုက်စစ်ပိုမိုအားကိုးကစား မယ့် ၄-၃-၃ စနစ်နဲ့ နည်းဗျူဟာခင်းကျင်းကစားလာ ဖွယ်ရှိပါတယ်။

ဘိုင်ယန်အတွက်       အားထားရမယ့်ကစား သမားကတော့ လီဝန်ဒေါစကီးလို့ပဲ ဆိုရဦးမှာဖြစ်ပေ မယ့် ပြီးခဲ့တဲ့နှစ်က ခြေစွမ်းပြ နိုင် ခဲ့တဲ့ ဂနာဘရီလည်း ဒီနှစ်မှာ ပိုမိုထွန်းတောက်လာနိုင်ပါတယ်။ ကွင်းလယ် မှာ  ကော်တင်ဟိုနဲ့ တွဲကစား မယ့်  သီယာဂိုအယ်လ် ကန်တာရာကလည်း ဥရောပမှာ လက်ရှိအကောင်းဆုံး ကွင်းလယ်ကစားသမားစာရင်းထဲ     ပါဝင်နေတာကြောင့်  စီမံခန့်ခွဲမှုအမှားသာမလုပ်မိခဲ့ရင် ဘိုင်ယန် ရဲ့အောင်မြင်မှု  ဘယ်လောက်အထိ  ရောက်နိုင်မလဲ ဆိုတာ   ပရိသတ်တွေစောင့်ကြည့်အားပေးကြရမှာ ဖြစ်ပါတယ်။   

ဇေယျာ

 

.............           

 

Read 27 times Last modified on Thursday, 22 August 2019 10:17