SJ WorldNews - шаблон joomla Авто

မြန်မာ ယူ - ၁၆ ဘောလုံးအသင်းကို အချိန်ယူတည်ဆောက်ရန် လိုအပ်ကြောင်း နည်းပြချုပ်သုံးသပ်

Thursday, 22 August 2019 10:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

မြန်မာ ယူ-၁၆ အသင်းသည် ဘောလုံး နှင့်ပတ်သက်သည့် အခြေခံအချက်များတွင် လိုအပ်ချက်ရှိနေပြီး    အချိန် ယူပြုပြင် တည်ဆောက်ရမည်ဖြစ်ကြောင်း နည်းပြချုပ် ဦးမင်းသူက သုံးသပ်ခဲ့သည်။

သြဂုတ်ဒုတိယပတ်က မနလေးမြို့၌ ကျင်းပသည့် လေးနိုင်ငံဖိတ်ခေါ် ယူ-၁၆ ဘောလုံးပြိုင်ပွဲတွင် မြန်မာ ယူ-၁၆ အသင်း သည် ပွဲစဉ်သုံးပွဲစလုံး   ရှုံးနိမ့်ခဲ့သည်။

““ပရိသတ်တွေအနေနဲ့ ကလေးတွေကို အားပေးစေချင်တယ်။  အားပေးတဲ့သူရှိမှ ကြိုးစားကြမှာ။ ဘောလုံးသမား၊ နည်းပြ ဆရာ၊ အုပ်ချုပ်သူတွေကတော့ ပြည်သူတွေကို အနိုင်ရလဒ်ပဲ ပေးချင်ကြတာပါ”” ဟု ဦးမင်းသူကပြောသည်။  

ဥရောပဘောလုံးအဖွဲ့ချုပ်၊   အာရှ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ယင်း ပြိုင်ပွဲတွင် တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ မွန်တီနီဂရိုးနှင့် အိမ်ရှင်မြန်မာအသင်းတို့ ပါဝင်ယှဉ်ပြိုင်သည်။ မြန်မာယူ-၁၆ အသင်းသည် ယင်းပြိုင်ပွဲတွင် အင်ဒိုနီးရှားကို ၂ ဂိုး - ဂိုးမရှိ၊ တောင်ကိုရီးယားကို ၃ ဂိုး-  ၁ ဂိုး၊ မွန်တီနီဂရိုး အသင်းကို ၃ ဂိုး - ၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲဝင် လေးသင်းတွင် အဆင့် (၄)နေရာ၌ ရပ်တည်ခဲ့သည်။ ယင်း ပြိုင်ပွဲအုပ်စု ပတ်လည် ယှဉ်ပြိုင် အပြီးတွင် တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားအသင်း တို့ ရမှတ်ခုနစ်မှတ်စီ တူညီသော်လည်း ဂိုးကွာ ခြားချက် သာသည့် တောင်ကိုရီးယား အသင်းက ဗိုလ်စွဲခဲ့သည်။     

TZW

Read 25 times Last modified on Thursday, 22 August 2019 10:27