SJ WorldNews - шаблон joomla Авто

အမှားများ၍ ဗီယက်နမ်ကို ရှုံးနိမ့်ခြင်းဖြစ်ကြောင်း မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်ပြော

Thursday, 22 August 2019 10:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းသည်  ကစားပုံ  အမှားများ၍ ဗီယက်နမ် အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကြောင်း အသင်းနည်းပြချုပ် ဦးဝင်းသူမိုးကပြောသည်။

သြဂုတ် ၂၀ ရက်က ယှဉ်ပြိုင်သည့် အာဆီယံအမျိုးသမီးအုပ်စု (ခ) နောက်ဆုံး ပွဲစဉ်တွင် ဗီယက်နမ်အမျိုးသမီး အသင်းက မြန်မာအမျိုးသမီးအသင်းကို ခြေစွမ်းအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့သည်။ ဗီယက်နမ် အသင်းသည်  ပထမပိုင်းတွင်  နှစ်ဂိုး၊ ဒုတိယပိုင်းတွင် နှစ်ဂိုးထပ်မံ သွင်းယူကာ မြန်မာအသင်းကို   ၄ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အာဆီယံ အမျိုးသမီး ပြိုင်ပွဲ အုပ်စုပွဲစဉ်များအပြီးတွင်  ဗီယက်နမ်အသင်းက ရမှတ်ကိုးမှတ်ဖြင့်  အုပ်စုပထမ၊  မြန်မာ အသင်းက ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။

ဗီယက်နမ်နှင့်ပွဲမှ အမှားများကို ပြင်ဆင်၍ အကြိုဗိုလ်လုပွဲတွင်   အကောင်းဆုံး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ““ဒီနေ့ပွဲမှာ ကစား သမားတွေ အကောင်းဆုံးကြိုးစားကစားခဲ့ပါတယ်။  အတွေ့အကြုံနည်းတဲ့ ကစားသမားတချို့ပါဝင်တဲ့အတွက်  ပြိုင်ဘက် အသင်းရဲ့ ဖိအားဒဏ်အောက်မှာ အမှားတွေလုပ်တာ တွေ့ရပါတယ်။ ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းနဲ့ တွေ့တွေ့ အကောင်းဆုံး ကြိုးစား ကစားသွားပါမယ်”” ဟု  ဦးဝင်း သူမိုးက ပြောသည်။

အာဆီယံအမျိုးသမီးပြိုင်ပွဲ  အကြို ဗိုလ်လုပွဲကို သြဂုတ် ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့် တတိယလုပွဲကို သြဂုတ် ၂၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။                 

TZW

Read 22 times Last modified on Thursday, 22 August 2019 10:28