SJ WorldNews - шаблон joomla Авто

မြန်မာ ယူ - ၁၈ အသင်း အာရှခြေစစ်ပွဲ အတွက် စက်တင်ဘာလတွင် ပြင်ဆင်မှုများ ပြုလုပ်မည်

Thursday, 22 August 2019 10:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

အသက် ၁၉ နှစ်အောက် အာရှချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲခြေစစ်ပွဲအတွက် မြန်မာ ယူ-၁၈ အသင်းကို စက်တင်ဘာ ဒုတိယ ပတ်တွင် ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း  နည်းပြချုပ် ဦးစိုးမြတ်မင်း၏ ပြောပြချက်အရ သိရသည်။

အာရှ  ယူ-၁၉  ခြေစစ်ပွဲစဉ်များကို နိုဝင်ဘာ ၂ ရက်မှ ၁၀ ရက်အထိ ကျင်းပမည် ဖြစ်ပြီး  မြန်မာအသင်းပါဝင်သည့် အုပ်စု (ဈ) ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏအားကစားကွင်း၌ လက်ခံကျင်းပမည်ဖြစ်သည်။ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဈ) ၌ မြန်မာ အသင်းသည် တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူအသင်းတို့နှင့် ကျရောက်နေပြီး လက်ရှိတွင်   မြန်မာ ယူ-၁၈ အသင်းသည်  ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ၌ MFF Youth အမည်ဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။  ၂၀၂၀ အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲတွင် အသင်း ၄၆ သင်းက အုပ်စု ၁၁ ခုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်သည်။ ခြေစစ်ပွဲအုပ်စု ၁၁ ခုမှ ထိပ်ဆုံး ၁၁ သင်းနှင့် အကောင်းဆုံးအုပ်စု   ဒုတိယနေရာရ  ငါးသင်းတို့သည် ဂျပန်နိုင်ငံ၌ကျင်းပမည့် အာရှ  ယူ-၁၉  ချန်ပီယံရှစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။                   

TZW

Read 29 times Last modified on Thursday, 22 August 2019 13:09